Labels

Friday, December 18, 2015

PM8110 ထောင့်စွန်းပူသော ပြဿ နာ by စိုင်း ခိုင်တင့်


=================================

ကြိုတင် မေတ္တာရပ်ခံထားချင်တာက ခေါင်းစဉ်ကြည့်ပြီးလန့်မသွားကြပါနဲ့အုံးဗျ...စုံထောက်ဝထ္ထုရေးမလို့မဟုတ်ပါဘူး....ကျွန်တော် စာရေးဆရာတစ်ယောက်လည်းမဟုတ်ပါဘူး..လေကြောလေး နည်းနည်းရှည်ချင်လို့ပါ...... :P

PM8110 သုံးထားတဲ့ ဖုန်းတွေမှာ short ဖြစ်နေရင် တစ်ချို့အလုံးတွေမှာ Power Supply နဲ့ ချိတ်လိုက်တာနဲ့ amp ဆွဲနေပြီး Power IC ထောင့်စွန်းလေးပဲ ပူလာတတ်ပါတယ်။ ဒီတော့ ဘာလုပ်ကြလည်း Power IC ဖြုတ်ကြတယ် Power IC ဖြုတ်လိုက်တော့ short ကလွတ်သွားတယ် Short လွတ်သွားတော့ IC အသစ်တစ်လုံးတပ်တယ် ပြီးရင် Power Supply နဲ့ပြန်ချိတ်ကြည့်တော့ နဂို error ဖြစ်တဲ့ Power IC ထောင့်စွန်းလေးပဲ ပူလာပြန်ရော...ဒီလိုနဲ့ ဖြုတ်လိုက် တပ်လိုက်နဲ့ သံသရာလည်နေကြတဲ့ Service သမားတွေ အနည်းနဲ့အများရှိမှာပါ...ဘာကြောင့် သံသရာလည်နေကြတာလည်း..ရှင်းရှင်းလေးပါ အဓိက ကတော့ Phone တစ်လုံးရဲ့ Structure (တည်ဆောက်ပုံ) ကို အရင်မလေ့လာထားကြလို့ပါပဲ...ဖုန်းတစ်လုံးတည်ဆောက်ပုံကိုအရင်လေ့လာရမယ်ဆိုတာက ပထမအဆင့်အနေ့နဲ့ ဘယ် Model မှာတော့ CPU Type က ဘာသုံးထားတယ် Power IC ကဘာသုံးထားတယ် နောက် Model တစ်ခုမှာတော့ CPU Type ကတော့ ဘာဖြစ်သွားပြီး Power IC ကလည်း ဘာပြောင်းသွားပြီဆိုပြီးလေ့လာရမှာပါ....ဒုတိယအဆင့်အနေနဲ့ဆိုရင် ဘယ် CPU ဘယ် Power IC ဆိုရင် ဘယ်လိုအလုပ်လုပ်သွားတယ် ဘာတွေပြောင်းလည်းသွားတယ်ဆိုတာ လေ့လာရပါမယ်....ဒီလိုတွေ လေ့လာထားပြီဆိုရင် Phone တစ်လုံးပြင်ရာမှာ အရမ်းကြီးမခက်ခဲတော့ပါဘူး....အခု PM8110 ထောင့်စွန်းလေးပူတဲ့ ပြဿနာမှာလည်း ဒီအတိုင်းပါပဲ...အရင် ကျွန်တော်တို့ လေ့လာခဲ့ဖူးတဲ့ PM 8029 Type တွေမှာဆိုရင် Q201 လို့ခေါ်ခေါ်နေတဲ့ transistor လေးက Power IC အပြင်ဘက်မှာထုတ်ထားပါတယ်...Q201 ထဲကို ၀င်မယ့် လမ်းကြောင်းက Battery အပေါင်းငုတ်ကနေလာမယ့် V_Bat လမ်းကြောင်းပါ...ပြန်ထွက်မှာက VPH_Pwr လမ်းကြောင်းအဖြစ်ပြန်ထွက်ပါတယ်....VPH_Pwr လမ်းကြောင်းအနေနဲ့ပြန်ထွက်ပြီး Pwr IC ထဲကိုဝင်ပါတယ်....V_Bat လမ်းကြောင်းမှာ short ကျနေရင်တော့ transistor အရင်မပူပဲ V_Bat လမ်းကြောင်းမှာရှိတဲ့ Short ဖြစ်နေတဲ့ IC သော်လည်းကောင်း Filter တစ်လုံးလုံးသော်လည်းကောင်း အရင်ပူလာမှာပါ.....VPH_Pwr လမ်းကြောင်းမှာ short ကျနေရင်တော့ short ဖြစ်နေတဲ့ IC , Filter မပူလာပဲ Transistor လေးပဲ ပူလာမှာပါ..ဒါဆိုရင် ကျွန်တော်တို့ short ရှာဖို့ VPH_Pwr လမ်းကြောင်းပေါ်ကို Volt ကျော်ကျွေးနိုင်မှသာလျှင် short ဖြစ်နေတဲ့ IC သော်လည်းကောင်း filter သော်လည်းကောင်းပူလာမှာပါ....ဒါက PM8029 မှာသုံးခဲ့တဲ့ V_Bat , VPH_Pwr လမ်းကြောင်း short ရှာနည်းလေးပါ...အခု PM8110 Power IC Type မှာတော့ ဘယ်လိုပြောင်းလည်းသွားလည်းဆိုရင် ကျွန်တော်တို့ ပြောပြောနေတဲ့ Q201 ဆိုတဲ့ Transistor လေးကို Power IC ထဲမှာ ထည့်သွင်းတည်ဆောက်ထားပါတယ်....V_Bat လမ်းကြောင်းအနေနဲ့ Power IC ထဲဝင်ပြီးတော့ VPH_pwr လမ်းကြောင်းအနေနဲ့ Power IC ကနေပြန်ထွက်ပါတယ်...V_Bat လမ်းကြောင်းမှာ short ကျနေရင် ပြဿနာမရှိ ရှာလို့ရပေမယ့် VPH_Pwr လမ်းကြောင်းမှာ short ကျနေရင်တော့ Power IC ထောင့်စွန်းလေးပဲပူလာမှာပါ....အောက်မှာ PM8110 သုံးထားတဲ့ Y535 ကို ပုံလေးနဲ့ကျွန်တော်ပြထားပေးပါတယ်...VPH_Pwr လမ်းကြောင်းမှာ short ကျနေတဲ့အတွက် Power Supply နဲ့ချိတ်လိုက်တာနဲ့ Power IC ထောင့်စွန်းလေးပဲပူလာမှာပါ...မီတာနဲ့လိုက်တိုင်းကြည့်တော့ Power IC ဘေးနားက VPH_Pwr လမ်းကြောင်းမှာရှိတဲ့ capacitor လေးတွေ short ကျနေပါတယ်...ဒီတော့ 3.7V ကို short ကျနေတဲ့ VPH_Pwr လမ်းကြောင်းပေါ်က capacitor လေးပေါ်ကို တင်ပေးလိုက်တော့မှ Shortဖြစ်ပြီး ပျက်နေတဲ့ Antenna Switch လေးပူလာပါတယ်...၄င်း Antenna Switch လေးကိုဖြုတ်လိုက်မှပဲ VPH_Pwr လမ်းကြောင်းမှ ရှိတဲ့ filter လေးတွေ short လွတ်သွားပါတယ်...Power လည်းနိုးသွားပါတယ်....ဒီ error ဖြစ်ရင် Antenna Switch ဖြုတ်လိုက်ရင် လွတ်ပြီဆိုပြီးပြောတာမဟုတ်ပါဘူး...တစ်လုံးနဲ့တစ်လုံးလည်း short ဖြစ်တာ တူနိုင်မှာမဟုတ်ပါဘူး...ပြောချင်တာက VPH_Pwr လမ်းကြောင်းပေါ်က filter မှန်သမျှ IC မှန်သမျှနဲ့ဆိုင်ပါတယ်...Short ဖြစ်နေတဲ့ filter သော်လည်းကောင်း IC သော်လည်းကောင်းဖြုတ်ပေးနိုင်မှသာလျှင် PM8110 ထောင့်စွန်းပူတဲ့ ပြဿ      နာကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ...ခင်ဗျားတို့အတွက် အကျိုးရှိတယ်ဆိုရင်တော့ ကျွန်တော် ဒီပို့စ်လေးကို ရေးရကျိုးနပ်ပါတယ်ဗျာ.......

MOBILE TECH
============
Mobile Phone Professional Services & Training Centre

အားကာတိုက်တန်း (C4) ၊ ယာဉ်ထိန်းရဲရုံးရှေ့ ၊ ဧရာရပ်ကွက် ၊ မြစ်ကြီးနားမြို့။
PH - 0943022558 ၊ 09795402340




Tuesday, December 15, 2015

CPU by kokoaung

5A အပိုင်း(၃)

ကျွန်တော်တို့ မြန်မာပြည်မှာအသုံးအများဆုံး
CPU အုပ်စုနှစ်မျိုးရှိပါတယ်
QUALCOMM Device နဲ့MTK Device
တို့ ဖြစ်ပါတယ် ဖုန်းပြင်မဲ့သူဟာမိမိပြင်မဲ့ဖုန်းဟာ
ဘာ device ဖြစ်တယ်ဆိုတာလောက်တော့
ခွဲခြားသိနေဖို့ လိုပါတယ်
မသိသေးရင်လဲCPU ကိုကြည့်ရုံနဲ့ခွဲခြားလို့ ရပါတယ်
ဘာကြောင့်ဒီလိုထည့်ပြောရတာလဲဆိုရင်
CPU တွေရဲ့ Architecture ခြင်းမတူတဲ့အတွက်
ကြောင့်ပါ ဒါကြောင့်  no power ခြင်းတူတာ
တောင် လိုက်ရတဲ့လမ်းကြောင်းခြင်းကွာခြားမှုရှိပါတယ်
အကုန်လုံးကိုခြုံပီးပြောရင် မှတ်ရတဲ့သူဖက်မှာလဲ
ရှုပ်ထွေးမှုရှိနိင်သလို ပြောရတဲ့လူဖက်မှာလဲ
အကြောင်းအရာတွေထပ်နေမှာပါ
ဒါကြောင့်တစ်ခုခြင်းစီခွဲပြီးပြောပြပေးပါမယ်
ပထမဆုံး Qualcomm CPU အုပ်စုကို လေ့လာကြည့်ပါ
Qualcomm CPU တွေမှာ သူတို့ ရဲ့ အမှတ်အသား
တစ်ခုအနေနဲ့ MSM ဆိုတာပါပါတယ်
Mobile System Modem ရဲ့အတိုကောက်ပါ
 ပထမဆုံး CPU က Single core
1GHz စီပီယူဖြစ်ပါတယ်။ထို့ နောက် Single core 1.4GHz. ထို နောက် Async Dual Core 1.5GHz.
အသီးသီးထွက်လာပြီးခုနောက်ပိုင်းမှာတော့
Quad Core 2.5GHz.Octa core စသဖြင့် ပြောင်းလဲလာပါတယ်
Qualcomm CPU တွေမှာ အပိုင်းလေးတွေများစွာ
ပါဝင်ပါတယ်အဓိကကြတဲ့အစိတ်အပိုင်းတွေကတော့
(1) Clock generator ပါဝင်ပြီး အမြင့်ဆုံး speed ဟာ
1.000.00 MHz ထိ ရေတွက်နိင်ပါတယ်
(2) Graphics Processoing Unit (GPU) စနစ်ပါဝင်
ပါတယ်
(3) Digital Signal Processiog (DSP) ပိုင်းဖြစ်တဲ့
Digital to Analog Converter (DAC) အပိုင်းတွေပါဝင်
ပါတယ်
(4) Mobile Boardband Signals (MBS) အနေနဲ့
CDMA.EDGE.GPRS.GSM.HSDPA.စတဲ့ စနစ်တွေ
ပါဝင်ပါတယ်
(5) External Component Interface(ECI)
အနေနဲ့ Embedded GPS Module ပါဝင်ပါတယ်
(6) Random- Access- Memory (RAM) အပိုင်းပါဝင်
ပါတယ်
ဒါတွေကတော့ Qualcomm CPU တစ်ခုရဲ့
OEM တစ်စိတ်တစ်ဒေသကို ဖော်ပြပေးတာပါ
အခြားအစိတ်အပိုင်းပေါင်းများစွာရှိပါသေးတယ်

ဒီလိုခွဲခြားသိထားခြင်းအားဖြင့် CPU အလိုက်ပြစ်ချက်တွေ
မတူတာကိုတွေ့မြင်ရပါတယ်

(1) ဗို့ အားပေးပိုင်း
ဒီအပိုင်းမှာ Qualcomm CPU တွေဟာ
Digital core.App processor.GPU အပိုင်းတွေ
အတွက် သီးခြားပတ်လမ်းများခွဲပြီး ဗို့ အားပေးသွင်း
ကြပါတယ်
ဥပမာပြရလျှင် HUAWEI C8815.G610.C-00.
G730-C00
ဒီလိုမော်ဒယ်တွေမှာ CPU အတွက့် ဗို့ အား
ပေးတဲ့ ဗို့ လမ်းကြောင်းတွေအပြင် GPU ပိုင်းကို
သီးသန့်  ဗို့ အားပေးထားတဲ့ GPU voltage driver
လေးအပိုပါလာပါတယ်
အားလုံးသိပြီးကြတဲ့အတိုင်းပါပဲ GPU ကို့ 1.2V
မရောက်ရင် Bluescreen error ဖြစ်နေတတ်ပါတယ်
Network lock ဖြစ်လို့ software နဲ့ လုပ်လိုက်တဲ့
အခါ block မှားယွင်းပြီးဖျက်မိတဲ့အတွက်  အဲဒီ
GPU Driver ရဲ့ enable code အချို့ကိုဖျက်မိတဲ့အတွက်
အပြာပြင်ဖြစ်သွားတာမျိုးလဲရှိပါတယ်
hardware ပိုင်းအရ အပြာပြင်ဖြစ်တာဆိုရင်
1.2V လေးတိုင်းကြည့်မထွက်ရင် GPU မောင်းတဲ့
DC to DC လေးဖြုတ်လဲလိုက်ယုံပါပဲ
software ပိုင်းကြောင့်ပြာပြီဆိုရင်တော့ enable code
တွေကို အကောင်းတစ်ခုထဲက  ပြန်ထုတ် သက်ဆိုင်ရာ
block မှာပြန်ထည့် ဒီလိုမှ မလုပ်နိင်ရင်တော့
emmc လဲမှရတော့မှာပါ။

(2) Boot sequence အပိုင်း
ဒီအပိုင်းမှာ sequence ရဲ့ပထမဆုံး သုံးစက္ကန့် မှာ
error စတက်ခြင်းပါ

Qualcommတွေမှာ 0.11A ရပ်တဲ့ပုံစံနှစ်မျိုးတွေ့ရပါတယ်
တစ်မျိုးက ပါဝါကီးကိုဖိထားရင် .0.11.A လောက်ထိတက်ပြီးရပ်နေမယ် လွတ်လိုက်ရင်ပြန်ကျ
သွားမယ်
နောက်တစ်မျိုးက နှိပ်လိုက်ရင် 0.11A မှာသွားရပ်နေမယ်
လွတ်လိုက်ရင်လဲပြန်မကျဘူး  ခုနအတိုင်းရပ်နေမယ်
ဒီနှစ်ခုဖြစ်နေတဲ့ပုံစံခြင်းမတူပါဘူး ရုတ်တရက်ကြည့်ရင်
0.11A ပြတာခြင်းတော့တူနေပါတယ်
ပထမအချက်ကိုကြည့်ရင် 0.11 A ထိတက်သွားတဲ့အတွက် အဝင် ဗို့ ရောက်နေပါတယ်
ပါဝါကီးပုံမှန်ကောင်းမွန်ပါတယ်
စဉ်းစားဖို့ သုံးပိုင်းရှိပါတယ်
၁ - ပါဝါအိုင်စီအထွက်ဗို့ တွေပုံမှန်ရှိမရှိ တိုင်းကြည့်ဖို့ 
လိုအပ်ပါတယ် အများအားဖြင့် CPU တွေကို
1.1.V နှစ်လိုင်းပေးသွင်းကြပါတယ် တစ်နည်းအားဖြင့်
S1.S2.တို့ ရဲ့အထွက်ဗို့ တွေစစ်ပါ။မရောက်ရင်
PMU ကို အရင်ကိုင်ကြည့်ပါ။
၂- ဗို့ တွေ ရောက်နေရင် ထပ်ပြီးလုပ်ကြည့်သင့်တာက
crystal ပါ အခြားစက်ပြားတစ်ခုထဲက ဖြုတ်ထည့်ကြည့်ပါ
ဒါနဲ့မှမရသေးရင်  ကွန်ပြူတာနဲ့ချိတ်ကြည့်ပါ
CPU Detect သိနေသေးရင်  CPU ပိုင်းကောင်းမွန်ပါတယ်
တကယ်လို့ CPU Detect မသိရင်တော့ နှစ်မျိုးဖြစ်နိင်
ပါတယ်
တစ်မျိုးက logic I/O ပိုင်းတွေမှာ ရှော့တစ်ခုခု ရှိလို့ 
CPU reset မကျတာလား
CPU ကိုယ်တိုင်ကပဲ မကောင်းတာလား
ထပ်မံစဉ်းစားရပါတယ်
ပါဝါပိုင်းမှာ 0.11A မှာရပ်နေတာ Qualcomm အတွက်
တော့ ဆော့ဝဲပိုင်းဖြစ်နိင်ခြေအရမ်းနဲပါတယ်
ခုနောက်ပိုင်း Qualcomm dead တာကို ဆော့ဝဲနဲ့
နိုးလို့ ရပြီလို့ ပြောကြပါတယ် ကျွန်တော်တော့
မလုပ်ဖူးသေးပါ

.0.11A ထက်ပြီးပြန်ကျတာအတွက်ကတော့
PMU.CPU.EMMC.သုံးခုလုံးနဲ့ပတ်သက်နေပါတယ်
ဒုတိယတစ်မျိုးဖြစ်တဲ့ 0.11A မှာပြန်မကျပဲရပ်နေတဲ့
ပြစ်ချက် မှာ 90% emmc ကြောင့်ပါ
deadboot နိုးလို့ ရတဲ့ box တွေ နည်းလမ်းတွေရှိပါတယ်
hardbrick ဖြစ်တယ်လို့ လဲခေါ်ကြပါတယ်။JTAG ကတော့ အနိင်ဆုံးပါပဲ။
dead နိုးလို့ မရရင် emmc လဲပေးရမှာပါ
အထိကဖြစ်တာကတော့ boot အပိုင်းသေနေတာပါ
emmc chip ပြားတစ်ခုလုံးပျက်သွားတာမျိုးရှားပါတယ်
ချွင်းချက်အနေနဲ့ PMU.CPU.ပြန်ကိုင်ရတဲ့အခါမျိုးတော့
ရှိတတ်ပါတယ်

EMMC ပိုင်းကောင်းမွန်ရင် 0.11A ကနေ သေခြာပေါက်
0.15A လောက်ဆက်ဆွဲပါတယ်
ဒါဆိုရင် Vibrator တစ်ချက်လဲတုန်ပေးပါတယ်

ကျွန်တော်ကြိုတင်ပြောခဲ့သလိုပါပဲစာအဖြစ်ရေးရင်တာ
လွယ်တာပါ တကယ်လက်တွေ့ လုပ်ကြည့်တဲ့အခါ
အခက်အခဲများစွာရှိနေပါတယ်

ကျွန်တော်ဖြတ်သန်းလာရတဲ့အတွေ့အကြုံတစ်ချို့ကို
ပြောပြပေးခြင်းမျှသာဖြစ်ပါတယ်
0.11A မှာတိကျတဲ့ solution မသိသေးပါဘူး။
အနဲအကျဉ်းအထောက်အကူဖြစ်တယ်ဆိုရင်
ဝမ်းသာပါပြီ
MTK Device အကြောင်းဆက်လက်ဖော်ပြပေးပါမည်။

-

Monday, December 14, 2015

G610 power shock by kokoaung

ကြက်ကန်းလေလား ခွေးချီးပုံလေလား
G610 လေး ပါဝါကီးနှိပ်ရင် 0.14A လောက်ကနေ
ပြန်ပြန်ကျပါတယ်
ပုံမှန်ဆို 0.17.A လောက်မှာ vibrator
တစ်ချက်တုန်ပြီး  logo စတက်ရမှာ
ဆရာတွေပြောပြောနေတဲ့
reset မကျတာဆိုလားမသိပါဘူး
ဓါတ်ကြီးလေးပါးတစ်ခုခုဖောက်ပြန်တာ
နေမှာပါ
အဒါနဲ့ ဒိုင်ညာဂရမ်ထဲမှာပြထားတဲ့
watchdog reset ဆိုလားမသိပါဘူး
အဲ့လမ်းကြောင်းပေါ်က မဲမဲလေးပဲ
ဖြုတ်လဲပေးလိုက်တာ ဟော
       
             


Samsung phone ဟမ်းနေလျှင် by Zaw Pyoe






Samsung ဖုန်းများဟမ်းနေလျှင်*#9900#
ကိုရိုက်ပါ
1.Ramdump mode Eanbled  MIDကိုထားပါတစ်ချို့ဖုန်းတွေဒီနေရာတင်အစဉ်ပြေသွားပါပြီ
2.Run dumpstet / logcat/ moden log

3.Delete dumpstate/ logcat

4.Run dumpstate/ locat  တိုက်ုအသီးသီးနိပ်ပေးပါ သိသိသာသာ ပေါ့ပါးသွားလိမ့်မည်

Saturday, December 12, 2015

iPhone & iPad တွေမှာ Apps များဒေါင်းလော့မရင်ဖြေရှင်းနည်း by ဇူးနစ်(နည်းပညာ)



iPhone & iPad တွေမှာ Apps များဒေါင်းလော့မရင်ဖြေရှင်းနည်း
==================================
Phone & iPad တွေမှာ Apps များဒေါင်းလော့မရင်ဖြေရှင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ယခုဖေါ်ပြပါ Fix Solution သည် ကျနော်
ကိုယ်တိုင်စမ်းသပ်အောင်မြင်ထားခြင်းတော့မဟုတ်ပါ Seggetion အနေဖြင့်
တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ခြင်းသာဖြစ်ပါတယ်။

အခုနောက်ပိုင်း iDevice တွေဖြစ်လေ့ဖြစ်ထရှိတာလေးတစ်ခုက မိမိအတွက်
လိုချင်တဲ့ App ကို Store ကနေ တိုက်ရိုက် install ပြုလုပ်လိုက်ရင် Waiting...ဆိုပြီး
အချိန်အကြာကြီး ဖြစ်နေတတ်ပါတယ်။

Connection ကြောင့်လား ဘာကြောင့်ဖြစ်ရတာလဲမသိပဲ ပြသနာတက်နေခဲ့ရင်တော့
အောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

ဖေါ်ပြပါ ပြသနာအတွက် ဖြေရှင်းရန်နည်းလမ်း (၆) ခုရှိပါတယ် တစ်ခုခုနဲ့တော့အဆင်ပြေ
နိုင်ပါတယ်၊ ပြသနာဖြေရှင်းနည်းများကိုတော့ အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ပါ။

ပြသနာအတွက် ဖြစ်နိုင်ခြေ Errors များ
==========================
၁။ Phone stuck on Waiting when install app from app store.
၂။ Unable to Purchase. This App could not be purchased at this time. Please try again later.
၃။ Unable to Download app. This App could not be downloaded at this time.
၎။ App update unavailable with this Apple id.
၅။ Cannot connect to App Store.
၆။ iPhone not downloading apps.
၇။ iPhone not updating apps.

ပြသနာဖြေရှင်နည်း (၆) မျိုး
=================
တကယ်လို့အထက်ပါ ပြသနာများထဲမှာ တစ်ခုခုကြောင့် သင့် Device အတွက်
Apps များဒေါင်းလော့ရယူလို့အဆင်မပြေဖြစ်နေခဲ့ရင်တော့ ဖေါ်ပြပါ ဖြေရှင်းနည်းများနဲ့
အဆင်ပြေနိုင်ပါတယ်။

၁။ Wi-Fi ကိုစစ်ဆေးကြည့်ပါ

တကယ်လို့မိမိက Wi-Fi ကိုအသုံးပြုပြီး Apps များဒေါင်းလော့ရယူတယ်ဆိုရင်တော့
အခုလိုမျိုးပြသနာတက်လာခဲ့ရင်တော့ ဖုန်း Setting ရဲ့ Wi-Fi Network ကိုစစ်ဆေးသင့်ပါတယ်။
Wi-Fi Password ကိုပြန်လည်ထည့်ပေးတာမျိုးပြုလုပ်ပေးရပါမယ်၊ ဒေါင်းလော့နေဆဲ
Apps မျးကိုတော့ Update မလုပ်မိပါစေနဲ့။

၂။ အချိန်နာရီများကိုတိုက်ကြည့်ပါ

ပြသနာကိုဖြေရှင်းပေးရန်အတွက် ဒုတိယနည်းလမ်းကတော့ မိမိဖုန်းရဲ့
Date and Time Settings ကိုသတိထားပြီး ဖြေရှင်းပေးဖို့ပါပဲ၊
Settings > General>Date & Time နေရာတွေမှာ automatic ဆိုတာမျိုး
ထားပေးသင့်ပါတယ် ပြီးရင်တော့ Apps များကိုပြန်လည်ဒေါင်းလော့ရယူကြည့်လိုက်ပါ။

၃။ App Store ကို  Sign Out - Sign In ပြုလုပ်ကြည့်ပါ

ဒီတစ်ခါ ဖြေရှင်းနည်းကတော့ Store ကို  Sign Out - Sign In ပြုလုပ်ပေးခြင်းဖြင့်
ပြသနာကိုဖြေရှင်းပေးနိုင်ပါတယ်၊ ဒီအတွက် Setting ထဲမှ “iTunes and App Store”
ဆိုတာကို တစ်ချက်နှိပ်ဝင်ပြီး Apple ID ကို  Sign Out လုပ်ကြည့်ပါ။

Sign Out ပြုလုပ်ပြီးတဲ့အခါ Apps များကိုပြန်လည်ဒေါင်းလော့ရယူကြည့်ပါ
terms of service မှ message ပို့ပေးလာရင်လက်ခံလိုက်ပြီး
Apple ID ကို Sign In ပြုလုပ်ပေးလိုက်ပါ။

၎။ ဒေါင်းလော့ထားမှုကိုရပ်ပြီး Device ကို Restart ချပေးပါ

ဒီတစ်ခါဖြေရှင်နည်းကတော့ ဒေါင်းလော့ထားမှုကိုရပ်ပြီး Device ကို Restart ချပေးပါရမှာပဲဖြစ်ပါတယ်
ဒီအတွက် Home Button နှစ်ချက်နှိပ်လိုက်ရင် ဒေါင်းလော့ထားတဲ့ Apps list များကိုတွေ့နိုင်ပါတယ်
အမှိုက်များကိုရှင်းထုတ်တဲ့ပုံစံမျိုးဖြင့် Close ပြုလုပ်ပေးပါ၊ပြီးရင် ပါဝါခလုပ်ကိုနှိပ်ပြီး Resrt ချပေးလိုက်ပါ။
ပါဝါခလုပ်ကိုပြန်ဖွင့်ပြီး Apps များကိုပြန်လည်ဒေါင်းလော့ရယူကြည့်ပါ။

၅။ Apps များကို Uninstall - Install ပြုလုပ်ကြည့်ပါ

နောက်ထပ်ဖြေရှင်းနည်းကတော့ Apps များဒေါင်းလော့ယူလိုက်လို့ "Waiting" ပြနေပြီး
အချိန်အကြာကြီး တက်မလာတော့ပဲ ဖြစ်နေခဲ့ရင်တော့ အဲဒါ update မပြုပ်နိုင်ဘူးဆိုတာကို ပြောနေတဲ့သဘောပါ။

ဒီအတွက် Install ပြုလုပ်ထားတဲ့ Apps ကို Uninstall ပြုလုပ်ပေးလိုက်ပါ၊
Store ကို ထပ်ဝင်ပြီး အဲဒီဖျက်လိုက်တဲ့ Apps ကိုထပ်ရှာ Install ပြန်ပြုလုပ်ကြည့်လိုက်ပါ။

Read more Here>>>http://www.zunite.org/2015/12/iphone-ipad-apps.html

Admin @ဇူးနစ်(နည်းပညာ)
                                       

www.zunite.org

ဆရာ susutun

software link တွေ ကို
ဆရာ susutun link တွေကနေ
ကူးယူစုဆောင်းထားတာပါ
မြင်ဆရာ ပေါ့
ဆက်သွယ်လို့လဲမရတဲ့ ဆရာသမား

Octoplus suite v1.4.0 no need box

octoplus suite v1.4.0 no need box


                          66.22MB                                


                 <<<<<Download>>>>>

Miracle box 2.14 no.need.box

Miracle box 2.14.no.need.box


                                81.62 MB


                         <<<<<Download>>>>>

Y 618-t00 jumper way by မြတ်တောင်ကြီး







Apple ID

Apple ID ကို မိမိတို့ရဲ့ iPhone/iPad ပေါ်မှာ အလွယ်တကူ ပြုလုပ်နည်း (မသိသေးတဲ့သူများအတွက်သာ)
***********************************************
မင်္ဂလာပါ…
အရင်က ကျွန်တော်ဆရာ အကိုထက်ဝေ(IKBMM) တင်ပေးထားတဲ့ Apple ID အလွယ်ဖွင့်နည်းကို အခြေခံပြီး Apple ID လုပ်နည်းကို နည်းနည်းကွန့်ပီး နောက်ထပ် ရေးသားမျှဝေလိုက်ပါတယ်ခင်ဗျ။
နားလည် လွယ်ကူစေရန် ပုံနဲ့ တဆင့်ခြင်း ရှင်းပြထားပါတယ်။
ကျွန်တော်တို့ iOS User တွေအနေနဲ့ iDevice တခုခုပိုင်ဆိုင်လာပီဆိုရင် Apple ID ဆိုတာ မရှိမဖြစ်လိုအပ်လာမှာပါ။
ဒါကလည်းမခက်ခဲပါဘူး။
ဆိုင်တွေမှာလုပ်ရင် ပေါက်ဈေးကိုက ၃၀၀၀ - ၁၀၀၀၀ ကြားဖြစ်နေတယ်ဗျ။
ဒီတော့ မကုန်သင့်တာ မကုန်ရအောင်၊ သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေကိုလည်း ကူညီရအောင်လို့ ဒီနည်းလေးကို ပြောပြလိုက်ပါတယ်။
ကဲ စလိုက်ကြရအောင်…

1. အရင်ဆုံး Gmail or Email တခုကို Setting > Mails,Contacts, Calendars မှာ Sign in လုပ်ပါ။ (အချို့ Email ဆိုရင် Browser မှာပဲ Sign in လို့ ရပါတယ်)

2. Sign in ၀င်ပီးလျှင် Mail ကို On ပါ။

3. အကောင့် မလုပ်ခင် အရင်ဝင်ထားတဲ့ အကောင့်ကို Sign Out လုပ်ပေးပါ။ (Setting > iTunes & AppStore > Apple ID > Sign Out)
ဒါမှလည်း AppStore ထဲဝင်ပြီး ဖွင့်တဲ့အခါ Box ကျလာမှာပါ။

4. Sign Out လုပ်ပြီးလျှင် AppStore ထဲဝင်ပါ။ Free App တခုခုကို Download လုပ်လိုက်ပါ။

5. Box တခု ကျလာပါမယ်။ Create New Apple ID ကို ရွေးပါ။

6. ပြီးလျှင် Store ကို ကိုယ်ကြိုက်တဲ့ Country ထားပါ။ (ကျွန်တော်ကတော့ US Store နဲ့ ရှင်းပြသွားပါမယ်)
ရွေးပြီးရင် Next ပါ။

7. ထပ်ပီး Agree ကို နှိပ်ပါ။

8. ဒီနေရာမှာ Email နဲ့ Password ကိုရေးပေးရမှာပါ။
a) Email မှာ ကိုယ်ပြုလုပ်မယ့် Email ကိုဖြည့်ပါ။
b) Password ပေးရင် ရှေ့ဆုံးမှာ အနည်းဆုံး Capital Letter တလုံးနဲ့ နောက်ဆုံးမှာ ကိန်းဂဏန်းတခုခု ပါဝင်ရပါမယ်။ (Eg : Password12345)
c) Security Questions တွေထည့်တဲ့ အခါမှာ ကိုယ်မှတ်မိမယ့်ဟာကိုပဲ ထည့်စေချင်ပါတယ်။ အလွယ်ထည့်ပါ။
(ဥပမာ - What was the name of your first pet? ဆိုရင် အဖြေမှာ pet ပေါ့
What was the model of your Car? ဆိုရင် အဖြေမှာ car ပေါ့
What was the first name of your Boss ဆိုရင် အဖြေမှာ boss ပေါ့)
d) နောက်ပီး Email တခုရှိသေးတယ်ဆိုရင်တော့ Recuse Mail ပါ ထည့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် Apple ID ရဲ့ Password မေ့သွားခဲ့ရင် ဒီနှစ်ခုနဲ့ ပြန်လည်ရယူနိုင်တာကြောင့်ပါ။
e) ပြီးရင် Birthday ဖြည့်ပါ။ အားလုံးပီးရင်တော့ Next ပေါ့။

9. ဒီအဆင့်မှာ ကိုယ့်ရဲ့ Billing Information နဲ့ ပါတ်သက်တာတွေ ဖြည့်ပေးရမှာဖြစ်ပြီး အမှန်တကယ် Bank Card သုံးစွဲသူတွေဆိုပါက သေသေချာချာ စီစစ်ရန်လိုအပ်ပါတယ်။
ကျွန်တော်ကတော့ Free Account တခုဖွင့်နည်းပဲပြောပြပါမယ်။
a) None ကိုရွေးပါ။
b) Code နေရာမှာ လောလောဆယ် ဘာမှ မထည့်ပါနဲ့
c) အောက်ဆက်သွားရင် ကိုယ့်ရဲ့ လိပ်စာတွေ ဖြည့်ပေးရမှာဖြစ်ပါတယ်။
Address 1 မှာ ကြိုက်တဲ့ No ပေးပါ။ (eg : 200)
Address 2 မှာ ကြိုက်တာဖြည့်ပါ။ (eg : Tatkone)
City မှာလည်း ကြိုက်တာဖြည့်ပါ။ (eg : Mandalay)
State နဲ့ Zipcode မှာတော့ အရေးကြီးပါတယ်။ မှားလို့မရပါဘူး။
အောက်မှာ State နဲ့ Zipcode တွေ ဖော်ပြသွားပါမယ်။ ခုတော့ ဆက်လိုက်ဦးမယ်။
ဖုန်းနာပါတ်နေရမှာ ရှေ့ ၃ လုံး၊ နောက် ၇ လုံး ကြိုက်ရာဖြည့်ပါ။ (eg : 123-456-7890)
အားလုံးပြီးရင် Next

10. ပုံ ၁၀ အတိုင်း Verify Your Account ဆိုရင်တောင် အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။
(ထိုအဆင့်ပီးလို့ Apple ID မှ Password တောင်းလျှင် Cancel ကိုနှိပ်ပါ)

11. Verify လုပ်ဖို့အတွက် Mail ထဲဝင်လိုက်ပါ။

12. Apple က ပို့ထားတဲ့ Mail တဆောင်ရှိပါလိမ့်မယ်။ ၀င်လိုက်ပါ။

13. Verify Now ကိုနှိပ်လိုက်ပါ။

14. Apple ID နဲ့ Password ရေးပြီး Verify Address ကိုနှိပ်ပေးလိုက်ပါ။

15. ပုံ ၁၅ လိုပြရင် Verify လုပ်တာ အောင်မြင်ပါပြီ။

16. ပိုပြီး သေချာသွားအောင် AppStore က Free App တခုကို Download လုပ်ကြည့်ပါ။

17. သင်ဟာ ကိုယ်ပိုင် Apple ID တခုကို ပိုင်ဆိုင်သွားပီပဲဖြစ်ပါတယ်ခင်ဗျာ။

State and Zipcode
************
For US Store
*********
1. State : FL
Zipcode : 33859
2. State : UT
Zipcode : 84403
3. State : CA
Zipcode : 93901
For Canada Store
**********
Province : ON-Ontario
Postal Code : M5H 2A4
(or)
Postal Code : M5B 2G4
For Singapore Store
**************
Town : Singapore
Postal Code : 049145
Postal Code : 380052
For  Chinese Store
*************
Province : Beijing
Postal Code : 100027

Like and Share ဖို့ မမေ့နဲ့ဦး 😁😁😁
စာတော့ နည်းနည်းများသွားတယ်။ အသေးစိတ်ရှင်းလို့များသွားတာပါ။
အားလုံး အဆင်ပြေကြပါစေဗျာ။

အကိုထက်ဝေပို့အား အခြေခံထားသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ...😊☺️😊
Kyaw Soe Moe(IT Knowledge Sharer)




















EMMC ဆိုတာဘာလဲ by susutun

EMMC ဆိုတာဘာလဲ
=============
(အရမ်းသိချင်လွန်းလို့ comment တွေမှာမေးနေ
ရှာတဲ့သူငယ်ချင်းဖတ်ဖို့ရှာပေးထားပါတယ်ဖတ်ပါ)
မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့
Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။
EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။
EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။
EMMC Chip အသုံးပြု မိုဘိုင်းdevices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမိုများပြားလာမှာဖြစ်ပြီး Android ,iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့
ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Ref & Credit: Myanmar Mobile App Store
http://www.anycallmandalay.com/emmc-%e1%80%86%e1%80%af%e1%80%ad%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/

Oppo R1001.R831k imei error by susutun

Oppo R1001 .R831k မှာ imei error ကြုံခဲ့ရင် အောက် apk လေးနဲ့ ရှင်းလိုက်ပါ။ တော်တော်လေး ရှာလိုက်ရတာပါ။
imei.repair.apk.pake_chamelon.rar 321.03 KB
http://d-h.st/2rvm

credit
https://www.facebook.com/groups/721543207951464/

                               
                                   Download

Friday, December 11, 2015

ဆရာ မျိုး

software ပိုင်း သင်ဆရာ
ဆရာ ဦးမျိုးကို





ဆရာထွန်း

hardware ပိုင်း သင်ဆရာဖြစ်သော
ဆရာ ထွန်း




C8813 Touch error by Zaw win htut

မနေ့က Huawei C8813 လေးတစ်လုံး Touch မရလို့ volt တိုင်းကြည့်တော့ Touch INT လမ်းကြောင်းက Volt မရောက်တာ Camera Flash ic နားမှာ ရေဝင်ထားတဲ့ အရာလေးတွေံလို့ Flash ic  ဖြုတ်ချလိုက်တာ Touch ပြန်ရသွားတယ် Touch Int လမ်းကြောင်းမှာ volt ပြန်ထွက်လာတယ် အဲ့ဒီ့ လမ်းကြောင်းကို ကြည့်မယ်ဆိုရင် S3 လမ်းကြောင်းကနေ 10k R တစ်လုံးနဲ့ drop လုပ်ပြီး Volt ဆွဲကျွေးထားသလို ထင်ရတယ် တကယ်တမ်းတော့ မဟုတ်ပါဘူး အဲ့ R လေးမရှိလဲ Touch အလုပ်လုပ်ပါတယ်
-Touch မရရင် Bluetooth ic ဖြုတ် Camera Flash ic ဖြုတ်ရင် ဘာလို့ Touch ပြန်ရသွားတာလဲဆိုတော့ Ic 6 လုံး အလုပ်လုပ်ဖို့ရန် အတွက် SCL နဲ့ SDA ကို CPU ရဲ့ pin no. E13 , G13 ကနေ လမ်းကြောင်းတစ်ခုထဲနဲ့ပဲ Control လုပ်ပေးထားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်
1. Touch ic pin 5 , 6
2.Bluetooth ic pin 28 , 29
3.Camera Flash ic pin B2 , B1
4.Accelerometer ic pin 4 , 6
5.Compass ic pin A4 , A3 (များသောအားဖြင့် Huawei phone တွေမှာ Compass ic မပါတတ်ပါ)
6. proximity sensor ကိုသွားမယ့် Socket pin 3 , 5 တို့ရဲ့ SCL , SDA လမ်ကြောင်းက တစ်ခုထဲ ဖြစ်တဲ့ အတွက်ကြောင့် ic တစ်လုံးလုံးက မကောင်းဘူးဆိုရင် ကျန်တဲ့ ic တွေပါ ဖောက်လွှဲဖောက်ပြန် ဖြစ်ကုန်ကြတာပါ
အသစ်အဆန်း မဟုတ်ပေမယ့် အခုထိ ကြုံတွေ့နေရဆဲပါ
-C8813 G520 G510 အစရှိတဲ့ ဖုန်းတွေ ဘာလို့ bluetooth , wifi ic အပျက်များလဲ လေ့လာကြည့်မယ်ဆိုရင် အဲ့ဒီ့ ic တွေရဲ့ အပေါ်မှာ နားကြပ်ခေါင်းရှိပါတယ် နားကြပ်ခေါင်းနောက်က အပေါက်လေးကနေတဆင့် ပြင်ပက ဝင်လာတဲ့ ဖုန်တွေ သဲတွေ ရေတွေရဲ့ ဒဏ်ကို အပေါက်တည့်တည့်မှာ ရှိနေတဲ့ Wifi , wifi crystal နဲ့ Bluetooth ic တို့က ခံရတဲ့ အတွက် အပျက်များတာပါ
-Huawei နောက်ပိုင်း Model တွေမှာတော့ နားကြပ်ခေါင်းနောက်မှာ အဲ့လို အပေါက် မတွေ့ရတော့ပါဘူး


ဆရာ မြတ်တောင်ကြီး


မြင်ဆရာ မြတ်တောင်ကြီး ဖြစ်ပါတယ်
ကျေးဇူးအနန္တပါ ဆရာ



Master ko ko aung

ကျွန်တော့်ရဲ့ မြင်ဆရာ ကိုကိုအောင် တို့ မိသားစုပုံလေးပါ
ဆရာ ကိုအောင် ကို လက်ဆယ်ဖြာဦးထိပ်တင်
ကန်တော့ပါတယ်
ဒီblog ထဲက post တော်တော်များက
ဆရာ ကိုအောင် fb acc wall မှ
ကူးယူထားသော post များ ဖြစ်ပါတယ်





MTK power on by kokoaung

MTK device တစ်ခုဖြစ်တဲ့ Y511 T တစ်လုံးရဲ့
power on sequence ကို အမ်ပီယာအတက်အကျ
ကြည့်ပြီး ခန့် မှန်းပုံလေးပါ
Qualcomm နဲ့MTK  boot sequence တက်တဲ့
ပုံစံအနည်းငယ်ကွာပါတယ်
ပုံမှန်ကောင်းနေတဲ့ဖုန်းတစ်လုံးကိုစပလိုင်းချိတ်
လိုက်ရင် 0.00A မှာရှိနေပါမယ်
ပါဝါကီးကို ဖိလိုက်တဲ့သုံးစက္ကန့် အတွင်းမှာ အမ်ပီယာ
သုံးမျိုးပြောင်းသွားတာတွေ့ရပါတယ်
ပထမဖိဖိခြင်း1sec မှာ 0.02A
ဒုတိယ2sec မှာ 0.07A.
တတိယ3sec မှာ 0.11A အသီးသီးပြပြီး
နောက်ဆုံးစက္ကန့် အပြီးမှာ vibrator တစ်ချက်တုန်ပြီး
first logo ကိုတက်သွားပါတယ်
0.17A.လောက်ကနေချက်ခြင်း0.35A လောက်ထိ
တက်သွားပါတယ်
ဒီနေရာမှာကွာဟချက်ကတော့ system ပိုင်း
ချိတ်ဆက်မှုတော်တော်များများကို first logo
အတွင်းမှာပဲ ပြီးလုထိအလုပ်လုပ်သွားပါတယ်
second logo ကူးသွားချိန်မှာတော display
တစ်ချက်ပျောက်သွားပြီးအမ်ပီယာ 0.53A ထိတက်သွားပါတယ်တစ်ဆက်ထဲမှာပဲ vibrator
ဒုတိယအကြိမ်တုန်ခါပေးပြီး homescreen သို့ 
ရောက်ရှိပါတယ် second logo တွင်ကြာကြာမနေတတ်ပါ  user mode တွင် 0.25A ထိဆင်းပြီးခိုင်းစေမှုကိုစောင့်ပါတယ်
လုံးဝအသုံးမပြုရင်တော့ 0.00A ထိဆင်းပြီး
standby စောင့်ပေးပါတယ်
အမ်ပီယာအနဲငယ်ငြိနေခြင်းမျိုးမရှိပါ
ပါဝါကီးတစ်ချက်ဖိလိုက်ရင် user mode သို့ 
ချက်ခြင်းပြန်တက်ပေးပါတယ်
Qualcomm တွေမှာ system ချိတ်ဆက်မှုတော်တော်
များများကို second logo ကူးသွားချိန်မှာ အလုပ်လုပ်
ပေမယ့် MTK တွေမှာတော့ first logo အတွင်းမှာပဲ
အပြီးနီးပါးလုပ်ဆောင်သွားပါတယ်
second logo ကူးပြီဆိုလျှင် မရှေးမနှောင်းမှာ
homescreen သို့ ရောက်ပါတယ်
နောက်တစ်ချက်က sleep mode မှာ အမ်ပီယာ
လုံးဝကျန်ခဲ့ခြင်းမရှိတာတွေ့ရပါတယ်
ဒီလိုကွဲလွဲချက်ကြောင့် Qualcomm နဲ့MTK
တွေကိုအမ်ပီယာကြည့်ပြီး error ရှာကြတဲ့အခါ
ကွဲလွဲချက်လေးတွေရှိနေတာတွေ့ရပါတယ်
နောက်ဆက်တွဲerror လေးများလဲတင်ပေး
သွားမှာပါ











Wednesday, December 9, 2015

G730-C00 အားမဝင်ပြဿ နာ



G730-C00 အားမဝင်ပြသနာဖြေရှင်းနည်း


G730-C00 အာမဝင်ပြသနာနှင့် အားသွင်းလျှင်ပူသည့်ပြသနာဖြေရှင်းခြင်း
သိထားတဲ့ဆရာကျော်သွားပေးပါ နင်းမိမှာဆိုးလို့ပါ မသိသေးတဲ့သူတွေအတွက်ပါ 
အမှားပါရင်ခွင့်လွတ်ပါပြန်လည်လမ်းညွန်ပေးပါ
ဆရာများအားလုံးကိုလေးစားလျှက် Myat Taunggyi

အရင်ဆုံးပုံကိုအရင်ကြည့်ပါ 

ပုံ၁ မှာ charger ကြိုးတပ်လျှက် pw ပွင့်နေတာပါ battery မတက်ထားပါ အားရာခိုင်နှုန်း 100% အပြည့်ရှိပါတယ်

ပုံ၂  မှာလည်း ဒီအတိုင်းကြိုးထိုးထားတာပါဘဲ ရာခိုင်နှုန်း 0% ပါ 

ဖုန်း၂စလုံး charger ကြိုးထိုးပြီးပါဝါတက်လာတာချင်းတူပေမဲ့ ရာခိုက်နှုန်းကွဲပြားနေပါတယ် 

ပုံ၁ မှာ ဒိုင်အုပ်ခံပြီး jumper ဆွဲထားပါတယ် ပုံ ၂ မှာက ဒိုင်အုပ်သာလျှင် လဲထားတာပါ jumper မဆွဲပါ 

အရင်ဆုံးအားသွင်းခေါင်းကိုစစ်ကြည့်ပါ အားသွင်းခေါင်း error မရှိမှ အောက်ကစာအတိုင်းလုပ်ပါ

၁။ အားသွင်းလျှင်ပူပြီး ဘယ်လောက်ကြာကြာအားသွင်းသွင်း အားရာခိုင်နှုန်း ၁၀၀ ထိမရောက်ပါက 

ဒိုင်အုပ်ကိုသာဖြုတ်လဲပါ မရမှသာ jumper ဆွဲပါ

၂။အားသွင်းလျှင်မပူဘဲ အားအဝင်ပြပြီး ရာခိုင်နှုန်းမတက်လာပါက jumper ဆွဲစေချင်ပါတယ်

jumper ၏အားသာချက်ကတော့ အချိန်တိုတိုအတွင်းအားအမြန်ပြည့်ခြင်း

jumper ၏အားနည်းချက်ကတော့ အချိန်တိုတိုအတွင်းအားအမြန်ုပြည့်ခြင်းကြောင့် 

battery ကြာကြာခံနိုင်မည်မဟုတ်ပါ battery အမြန်ပျက်စီးလွယ်ပါသည်။

သို့သော် Customer ဖုန်အမြန်ဆုံးအသုံးပြုနိုင်စေရန် ကျွန်တော်တို့ကြံဖန်ပြီးပြုပြင်ပေးရမည်မဟုတ်ပါလား


Monday, December 7, 2015

hardware & software need by kokoaung

ဖုန်းတစ်လုံးမှာ ဘယ်အပိုင်း မဆို တစ်ခုထဲအလုပ်မလုပ်နိင်ကြပါဘူး။
Hardware ပိုင်းနဲ့ Software ပိုင်းပေါင်းစပ်အလုပ်လုပ်ကြရပါတယ်။ Hardware ပိုင်းအတွက် အိုင်စီများပံ့ပိုးပစ္စည်းများများစွာ
ပါဝင်သလို ထိုအိုင်စီများတစ်လုံးနဲ့တစ်လုံးဆက်သွယ်အလုပ်လုပ်နိင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အပိုင်းတွေကတော့

volts
clock
reset
data
programming code.

ဒီအချက်တွေ အားလုံးအချက်ကျကျပေါင်းစပ်အလုပ်လုပ်နေကြတာပါ။

ဗို့ တွေအနေနဲ့  အ၀င်ဗို့ ကိုတော့ battery ကနေလာတဲ့ 3.7v တစ်လိုင်းရယ်၊
တစ်ချို့ ဖုန်းတွေမှာ CPU backup battery လေးတွေပါတတ်ပါတယ်။
အထွက်ဗို့ တွေကိုတော့ နှစ်မျိုးတွေ့ ရပါတယ်။
(၁) Programmable Switching Regulator Output(  Buck output) ပိုင်းနဲ့ 
(၂) Low Dropout Linear Output (LDO) ဆိုပြီးနှစ်မျိုးတွေ့ ၇ပါတယ်။
PMIC တွေမှာ digital programmable regulator output, ldo,charging,sound,sim, နဲ့ 
digital interface ဖြစ်တဲ့ I2 C လမ်းကြောင်းတွေ ပါဝင်လာပါတယ်။

CLOCK

Clock ဆိုတဲ့ခုန်လိုင်းဟာဖုန်းတစ်လုံးအချက်ကျကျ ချိတ်ဆက်အုပ်လုပ်နိင်
အောင် ထိန်းညှိပေးတဲ့အပိုင်းဖြစ်ပါတယ်။ CPU clock ,Temperature Compensated Crystal Oscillator( TCXO),Sleep clock,RTC
Real time clock  ဆိုပြီးလေးမျိုးတွေ့ ရပါတယ်။
 PMIC တွေမှာ CPU clock နဲ့ TCXO clock တို့ ဟာအရေးကြီးတဲ့
 ခုန်လှိုင်းတွေဖြစ်ပါတယ်။ဒီနှစ်ခုထဲက တစ်ခုခုမရောက်လျှင်ပါဝါမနိုးနိင်ပါဘူး။
အချို့ ဖုန်းတွေမှာ power on clock ကို CPU ထဲမှာရှိတဲ့ clock generator
အပိုင်းကတိုက်ရိုက်ထုတ်ပေးသော်လည်း၊အချို့ ဖုန်းများတွင် network ပိုင်းရှိ
rf transceiver အိုင်စီကနေတစ်ဆင့်ပြန်လည်ရယူထားတာမျိုးလဲရှိပါတယ်။

RESET

Reset လမ်းကြောင်းဟာလဲအရေးကြီးပါတယ်။ပါဝါနိုးဖို့ အတွက်လိုအပ်တဲ့ reset signal ကို ပါဝါအိုင်စီကနေထုတ်ပေးပါတယ်။
 CPU ကို reset ချ နိင်မှသာ ပါဝါလုပ်ငန်းစဉ်စတင်နိင်မှာဖြစ်ပါတယ်။Reset out အပိုင်းမှာတော့ ဖုန်းတစ်လုံးမှာပါဝင်တဲ့အစိတ်အပိုင်းအားလုံးကို
 ထိန်းချုပ်ပေးထားပါတယ်။အသံပိုင်း၊အရုပ်ပိုင်း၊အချက်ပြပိုင်း
အားလုံးမှာ သက်ဆိုင်ရာ reset လမ်းကြောင်းတွေ ပါဝင်ပါတယ်။

DATA

Data ပိုင်းမှာ one signal data bus နဲ့ two wire signal bus ဆိုပြီးနှစ်မျိုတွေ့ ရပါတယ်။
data လမ်းကြောင်းတွေဟာ CPU နဲ့ သက်ဆိုင်အိုင်စီတွေကြားအပြန်အလှန်ကူးပြောင်းပေးနိင်ပါတယ်။
ဒီအပိုင်းတွေထဲက တစ်ခုခုချို့ ယွင်းပြီဆိုရင် ဖုန်းမှာ error တက်လာပါတော့တယ်။
data အများစုကို programming code များဖြင့်ဖွဲ့စည်းထားပြီး emmc အတွင်း၊ OS အဖြစ်ထည့်သွင်းထားကြပါတယ်။

ထို့ကြောင့် volts,clocks,data ,စတြ့အပိုင်းတွေမှာ တစ်ခုခုချို့ ယွင်းလာရင်
 ဖုန်းတစ်လုံး ပုံမှန်အလုပ်မလုပ်နိင်တော့ပါဘူး။