Labels

Tuesday, September 22, 2015

hardware power ပိုင်းဆိုင်ရာ ဖြေရှင်းနည်း


မန္တလေးမြို့တွင် မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းတက်ရောက်လိုသူများအတွက် ၂၀၁၅ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှာ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း (Mobile Software/Hardware System Repairing Course) တန်းခွဲသစ်များဖွင့်လှစ်ပါမည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၉ ၇၉ ၇၂၄၈၄၈၈ ၊ ၀၉ ၉၁၀ ၃၃၁၃၄ တို့သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Hardware Power ပိုင်းဆိုင်ရာ ဖြေရှင်းနည်း

2014-04-27_100648


ဖုန်းတစ်လုံးရဲ့ Powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့အခေါ်အဝေါ်နဲ့ပါင်းစပ်အလုပ်လုပ်ပုံ။ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကိုအခုမှစတင်လေ့လာနေတဲ့ညီငယ်
များပါနားလည်သဘောပေါက်အောင်၊ပုံလေးတွေနဲ့ တကွရှင်းပြပေးထားပါတယ်။ကျွန်တော့်ရဲ့
သင်ဆရာများဖြစ်ကြတဲ့ အခြေခံ electronic ပညာကိုသင်ပေးတဲ့ဆရာကြီးဦးသန်းဆင့်
ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကိုသင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ဆရာချစ် နဲ့ မြင်ဆရာများ
ဖြစ်ကြတဲ့ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊နဲ့ ကိုစိုးမြင့်သူသူငယ်ချင်းဆရာများကိုဒီဆောင်းပါးလေးနဲ့ 
ဂါရ၀ပြုလိုက်ပါတယ်။
တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ဒီလို အဆင့်မြင့်နည်းပညာတစ်ခုကိုအခြေံအဆင့်မီတာတိုင်းနည်းတောင်မသိသေး
တဲ့ညီငယ်တွေအတွက်အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ဒါပေမယ့်ဘာမှအားမငယ်ပါနဲ့ ညီလေးတို့ ၊
ဇွဲရှိရှိနဲ့ ကြိုးစားအားထုပ်ဖို့ ပဲလိုပါတယ်။အဆင်ပြေရင်တော့အခြေခံပိုင်းပါပေါင်းစပ်သင်ပေးတဲ့
သင်တန်းတွေကိုမေးမြန်းပြီးတက်ပေါ့။
ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာပါဝင်တဲ့ပစ္စည်းလေးတွေက

(၁)  capacitor အ၀ါရောင်နဲ့ အညိုရောင်အတုံးလေးတွေပါ။သူတို့ က ပတ်လမ်းမှာလိုအပ်တဲ့
dc volt ကိုတည်ငြိမ်မှုရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာရောရှက်ပါလာတဲ့
ac လှိုင်းအနှောက်အယှက်တွေကိုလဲဖယ်ရှားစစ်ထုပ်ပေးပါတယ်။ဒါကတော့ capacitor လေးတွေရဲ့
ပုံပါ။

smd-capacitor1

ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး

တပ်ထားပါတယ်၊တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး
ဖုန်းပါဝါသေတဲ့ပြစ်ချက်မျိုးတွေကြုံရပါတယ်။
IMG_6429
ဒီပုံမှာဆိုရင်မျှားအနီရောင်လေးပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီးပါဝါသေနေတာပါ၊
power supply နဲ့ ချိတ်လိုက်ရင်အမ်ပီယာအဆုံးထိပြသွားပါတယ်။ဒီလိုပြစ်ချက်မျိုးက
အတွေ့ အကြုံများတဲ့သူဆိုရင်ချက်ချင်းစဉ်းစားမိမှာပါ။ battery ငုတ်ရဲ့အ၀င်မှာနားက
အပေါင်းအနှုတ်လိုင်းကိုခွပြီးတတ်ထားတဲ့ ဒီကောင်လေးက dc ဗို့ ကိုလုံးဝပိတ်ချလိုက်တာ။
Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက်ကတော့၊ရှော့ဖြစ်ပြီးဝါယာကြိုးတစ်ချောင်းလိုဖြစ်သွားတာ
နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ်ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုးလုံး
ဝပျောက်သွားတာမျိုးပါ။ရေ၀င်တဲ့ဖုန်းတွေမှာအဖြစ်များပါတယ်။တကယ်လို့ ဒီပစ္စည်းလေး
တွေကိုအစားထိုးပြုပြင်မယ်ဆိုရင်၊စက်ပြားဟောင်းလေးတွေစုဆောင်းထားရပါမယ်။
ဖုန်းထဲမှာအသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ပစ္စည်းလေးတွေကို
အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ဒါကြောင့်စက်ပြားများများစုဆောင်းထားတဲ့သူဟာ
အလွယ်တကူပဲပြင်ဆင်လို့ ရသွားမှာပါ။
(၂) Resistor ဒီကောင်လေးတွေကအမဲရောင်အတုံးအသေးဆုံးလေးတွေပါ။အရွယ်နဲနဲကြီးတဲ့
ကောင်တွေလဲအနဲငယ်သုံးပါတယ်။သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး
open ပြတ်သွားတာများပါတယ်။ fuse resistor  ကိုတော့အဖြူရောင်အတုံးလေးတွေအဖြစ်
ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။
smd-resistor
(၃) coil ကွိုင်လေးတွေကိုတော့ပါဝါပိုင်းမှာအနဲဆုံးလေးလုံးကနေခြောက်လုံးထိတွေ့ ရတတ်ပါတယ်။
ကွိုင်လေးတွေသုံးရခြင်းရဲ့အကြောင်းကတော့၊ပတ်လမ်းမှာလိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊dc လျှပ်စီးကြောင်းကနေ ac အသွင်ကိုကူးပြောင်းယူရန်၊dc ဗို့ ကိုလို
အပ်သလိုထုပ်ယူပေးနိင်ရန်အသုံးပြုကြပါတယ်။ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။
´
power ic pin out
(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ပါဝါပိုင်းမှာ
နှစ်မျိုးစလုံးသုံးတတ်ပါတယ်။ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကိုလိုအပ်သလို
အပိတ်အဖွင့်လုပ်တဲ့နေရာမှာသုံးကြပါတယ်၊နောက်တစ်မျိုးက battery ကိုအားသွင်းတဲ့
နေရာမျိုးမှာအမ်ပီယာကိုလိုအပ်သလိုထိန်းချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ဒီပစ္စည်းလေးတွေ
ပျက်စီးသွားရင်တော့အမျိုးအစားတူတစ်ခုခုနဲ့ လဲလှယ်အသုံးပြုသင့်ပါတယ်၊
ခြေတောက်ကိုကြိုးပူးပြီးသုံးတာရတယ်ဆိုပေမယ့်၊တစ်ချို့ ပတ်လမ်းတွေမှာပါဝါအဖွင့်အပိတ်
လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါတွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက်လာ
နိင်ပါတယ်။ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။
Small-Outline-Transistors-SOT
(၅) DIODE ဒီကောင်လေးတွေကတော့ပါဝါပိုင်းမှာမပါ၇င်မဖြစ်တဲ့ပစ္စည်းလေးတွေပါ။
အေစီကနေဒီစီကိုပြောင်းပေးတဲ့နေ၇ာမှာသုံးပါတယ်။နောက်တစ်ခုကzener diode ပါ၊
သူ့ ကိုတော့တစ်ချို့ ညီငယ်တွေသိပ်သိမှာမဟုတ်ပါဘူး။သူကဘာလုပ်ပေးလဲဆိုတော့
ဒီစီဗို့ ကိုကန့် သပ်ပြီးတည်ငြိမ်အောင်ထိန်းငြှိပေးပါတယ်၊အထူးသဖြင့် charging ပိုင်းတွေမှာ
အသုံးများပါတယ်၊ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီးတပ်ဆင်ထားတဲ့အတွက်၊ဒီကောင်
လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါသေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ပစ္စည်းကတော့ diode လေးပါ။
Rectifier-Diode
(၆) PMU  Power Management Unit ဖြစ်ပါတယ်၊ပတ်လမ်းမှာပါဝင်တဲ့၊အိုင်စီတွေရဲ့
ဲ့ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့အိုင်စီပါ။ဖုန်းတစ်လုံးရဲ့အသက်လို့ လဲပြောနိင်ပါတယ်။
ဒီအိုင်စီထဲမှာအဓိကအပိုင်း(၅)ပိုင်းလောက်ပါဝင်ပါတယ်။
battery ကနေ၀င်လာတဲ့ဗို့ အားကိုလက္ခံပေးတဲ့ input section
စတုဂံလှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator  ပိုင်း၊
ပါဝါအဖွင့်အပိတ်ကိုလက္ခပေးတဲ့ data in,out ပိုင်း၊
charging နဲ့ vibrator  အပိုင်း၊
ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ်။
ပုံမှာပြထားတာကတော့ power section တစ်ခုမှာပါဝင်တဲ့ပစ္စည်းလေးတွေစုပေါင်းဖွဲ့ စည်း
ထားတဲ့ပုံလေးပါ။
IMG_6406
(၇) CRTSTAL ဒီကောင်လေးကတော့၊ pmu အတွက်လိုအပ်တဲ့ oscillator ပိုင်းကိုထိန်းချုပ်ပေးပါ
တယ်။ပုံမှန်ပတ်လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကိုအသုံးပြုပေမယ့်၊ဒီအပိုင်းမှာတော့
တည်ငြိမ်တဲ့ဗို့ အားကိုလိုအပ်တဲ့အတွက်၊ crystal ကိုအသုံးပြုတာဖြစ်ပါတယ်။
Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။
ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေးတစ်ခုပါ။

11
အရင်ကတော့ဒီကောင်လေးတွေအပျက်နဲပါတယ်၊ hyawei g610 မှာတော့တော်တော်လေး
အဖြစ်များပါတယ်။သူရဲ့ error ကပါဝါဖွင့်ရင်တစ်ခါတစ်လေအလွယ်တကူပွင့်ပြီး၊တစ်ခါတစ်လေ
တော်တော်နဲ့ ဖွင့်မရတတ်ပါဘူး၊အဖုံးဖွင့်ပြီးအပူလေးပေးလိုက်မှရသွားတာမျိုးလဲရှိပါတယ်။
တစ်ချို့ ဖုန်းတွေမှာသုံးနေရင်းရုတ်တရက်ပါဝါပိတ်သွားပြီး၊ပြန်ဖွင့်လို့ မရတာလဲရှိပါတယ်။
အကြောင်းကတော့ဒီ crystal လေးအရည်အသွေးညံ့လို့ ပါ။အဲဒီလိုပါဝါကြောင်တဲ့ဖုန်းတွေဆို
crystal လဲကြည့်သင့်ပါတယ်။ဒါကတော့power section ပိုင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ 
ဖြစ်တတ်တဲ့ error လေးတွေပါ။ဒီပုလေးကတော့ power ပိုင်းရဲ့ ဆားကက်ပုံလေးပါ။

2014-04-27_100648
အလုပ်လုပ်ပုံအသေးစိတ်ကတော့ကျွန်တော့ရဲ့မြင်ဆရာဖြစ်တဲ့ ဆရာကိုစိုင်းရှင်းပြထားတာလေးကိုမှီ
ငြမ်းပြီးပြောပြပါမယ်။
Battery ကတဆင့်ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pinကနေတဆင့် pwm modulator
ထဲကိုဝင်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာပါ
လှိုင်းထုပ်တဲ့အပိုင်းပါ။အဲဒီလိုပဲအပေါင်းဗို့ ဟာ fet ရဲ့  drain ကိုကိုလဲတိုက်ရျိက်ရောက်နေပါတယ်။
power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီးအိုင်စီ
ကိုစတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်းအလုပ်လုပ်ပြီးoutput ပိုင်းမှာရှိတဲ့ coil
အုပ်စုကနေတစ်ဆင့်အိုင်စီများအတွက်လိုအပ်တဲ့ဗို့ အားများကိုထုတ်လွတ်ပေးပါတယ်။

21
power ic  တွေမှာအဖြစ်များတဲ့ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ၊ရေ၀င်တဲ့ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာများပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက်တုန်ခါနေတာမျိုးလဲဖြစ်တတ်ပါတယ်။
pmu ရှော့ဖြစ်ရင်တော့အသစ်လဲလယ်ပေးမှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့
၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာအသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။


 copy လေးပါပဲဗျာ

IC အလုပ် လုပ်ပုံများ


 
  • 1

  • ဒါလေးက ကျွန်တော့် အတွက်အသုံးပြုဖို့ copy ကူးလာတာ
  • မူရင်း post ပိုင်ရှင်ကို credit ပေးပါတယ်ဗျာ
  • Thunder
  • Favorites2013-04-16 00:53:31
Mobile IC Replace Tutorial ( Part_3 )   
မှာတော့ IC တွေမှာ Power IC/ Line IC ( Wi-Fi/Bluetooth/GPS/Network)/CPU & Flash စတာတွေကို PCB (Printed Circuit Boaed) ကိုကြည့်ရုံနဲ့ လွယ်လင့်တကူ
အနီးစပ်ဆုံးခန့် မှန်းလို့ ရအောင် ရှင်းပြပေးပါ့မယ်။ ဒါမှ ပြစ်ချက်တွေကိုခန့် မှန်းရ ပိုမိုလွယ်ကူမှာပါ။ 

POWER IC

Power IC ကို အနီးနားရှိ OSC Crystal/Ferrite Coil အစရှိတဲ့ Support Parts တွေကိုကြည့်ရုံနဲ့  အလွယ်တကူ ခန့် မှန်းလို့ ရပါတယ်။ 
Android/Apple/Symbian/Java အစရှိတဲ့ Mobile တွေအားလုံး အတူတူပါပဲ။  ပြစ်ချက်တွေကတော့ Main Power IC ကဆိုရင် Power လုံးဝမနိုးပါဘူး။
Power လုံးဝမနိုးတဲ့ ပြစ်ချက်တွေကတော့ အခြားပြစ်ချက်တွေလည်းဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်က ယေဘုယ ပြောပြတာပါ။ 
Support Parts တွေချို့ ရွင်းရင်တော့ LCD Back Light မလာတာမျိုးနောက်ပြီး Software Error တွေလိုပဲ Boot မှာပဲလည်နေတာမျိုးပေါ့။
ပြီး Charging မရတဲ့ပြစ်ချက်တွေမှာလဲ အကျုံးဝင်နေပါသေးတယ်။သာမန်အားဖြင့်တော့ Charging မဝင်တာ/Charging Indicator ပြတယ်ဒါပေမယ့် Battery မှာအားမဝင်တာမျိုးတွေပေါ့။ 







CPU & FLASH

CPU နဲ့  FLASH IC တွေကတော့ PCB ပေါ်မှာ သိသာထင်ရှားစွာ တည်ရှိနေပါတယ်။ CPU ကအဓိက Control Room တစ်ခုပါ။ 
Schematic Diagram တွေကိုလေ့လာ နိုင်မှပဲ ပြစ်ချက် ကြီးသေးမရွေး CPU ကဖြစ်နိုင်တယ်ဆိုတာကိုသိရမှာပါ။ 
ဥပမာ-- Nokia တွေမှာ ပြစ်ချက်က Ear Speaker မရတာ Speaker လဲ လဲကြည့်ပြီးပြီ မရသေးဘူးဆိုရင်တော့ Ear Speaker Speaker ရဲ့ 
Schematic Diagram က CPU ဆီသို့ တိုက်ရိုက် ဆက်သွယ်ထားတာ ပါ။ ဒါကြောင့် ပြစ်ချက်သေးပေမယ့် Schematic Diagram ကြည့်မှပဲ ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်။
ဒါကြောင့် Hardware ပိုင်းတွေမှာ လေ့လာသင်ယူအားကောင်းတယ် ပါရမီရှိတယ် IC လဲနိုင်တယ်ဆိုပေမယ့် အတွေ့ အကြုံ ဆိုတဲ့ တံတိုင်းကြီးက ထီးထီးကြီးကာရံထားပါသေးတယ်။
FLASH ရဲ့ ပြစ်ချက်တွေကတော့ E can't mount နဲ့ Flashing ပြုလုပ်လို့ မရတဲ့ပြစ်ချက်တွေပါပဲ။

HUAWEI Y220T ကဲ့သို့  ဖုန်းအမျိုးစားတွေမှာ တတ်နိုင်သလောက် ချုံ့ ပြီးတည်ဆောက်ထားပါတယ်။ Power ပိုင်းကို သီးသန့် မထားတော့ပဲ CPU ထဲမှာပဲ တပေါင်းတည်းတည်ဆောက်ထားပါတယ်။
ဒီလိုချုံ့ ထားတဲ့ Handset တွေမှာတော့ တန်ဘိုးနည်းတယ် အလွန်အမင်းပူတယ် ထိခိုက်လွယ်တယ် စတာတွေ ဒွန်တွဲ နေပါတယ်။









ANT/Wi-Fi/GPS/Bluetooth

ANT(Network)/Wi-Fi/GPS/Bluetooth အစရှိတဲ့ IC တွေနားမှာ ပုံမှာဖော်ပြပေးထားတဲ့ Support Parts တွေနဲ့ ခွဲခြားနိုင်ပါတယ်။ အဲဒီအပိုင်းတွေမှာ ပြစ်ချက်တွေဖြစ်လာလို့ ပြုပြင်ရတော့
မယ်ဆိုရင်တော့ Customer ကိုသေချာရှင်းပြပြီးမှ ပြုပြင်သင့်ပါတယ်။ အကြောင်းကတော့ Dead ဖြစ်တတ်လို့ ပါပဲ။ Dead ဖြစ်တတ်တယ်လို့ ရှင်းပြထားလို့  ဖြစ်တတ်တာပဲလို့ ထင်ပြီး
မကျွမ်းကျင်ရင် မပြုပြင်သင့်ပါ လုံးဝ Dead ပါ။






အခြား IC တွေကတော့ သူတို့ နဲ့ သက်ဆိုင်ရာ Socket နဲ့  Parts တွေနားမှာရှိတတ်သလို အချို့ ကတော့ ရှည်လျားတဲ့ ပါတ်လမ်းတွေရှိနေတတ်တာကြောင့် Schematic Diagram တွေလေ့လာ
နိုင်သည်အထိ အကျန်ပြုချင်ပါတယ်။

Mobile IC Replace Tutorial ( Part_1 )Mobile IC Replace Tutorial ( Part_2 )


samsung A5 Safe mode


မင်္ဂလာပါ
samsung a5 ဖုန်းက safe mode ဝင်နေတယ်
reset ချလိုက်တာလဲမရပါဘူး
အဲ့ဒီတော့ frimware ရေးဖို့စဉ်းစားတယ်
ဖုန်းကဝယ်ထားတာ ၁ပတ်ပဲရှိသေးတယ်
frimware ရေးရင်လဲ မရလောက်ဘူးဆိုတော့
ဖုန်းhardware စစ်ဖို့ဆုံးဖြတ်လိုက်တယ်
အဲ့ဒီမှာ ဘယ်ကနေစခွာရမလဲဆိုတာ
မသိတော့ web မှာရှာတယ်
ကိုယ့်မှာက အပူပေးတဲ့စက်ကမရှိတော့
ခွာနည်းတွေ ရှာလိုက်တာ
တိုင်ကိုပတ်ရော
အဲ့ဒီနည်းကတော့ အသုံးပြုရတဲ့ tool ကလွယ်ပါတယ်
မှန်ကပ် ပလပ်စတစ် တစ်ချပ်ပဲလိုပါတယ်
ဒါပေမဲ့ လုပ်ရတာ အန္တရယ်များမဲ့ပုံပါပဲ
အခန့်မသင့်ရင် အသစ်၁လုံးဝယ်ပေးရမယ့်ကိန်းပါ
အတွေ့အကြုံကလဲလိုချင်တော့
လုပ်ကြည့်လိုက်ပါတယ်
ဖုန်းမှန်ရဲ့ဘယ်ဘက်ထောင့်ကနေ
ပလပ်စတစ်ပြားကို ထိုးသွင်းပြီး
ဓားနဲ့လှီးသလိုပုံမျိုး
လုပ်ရတယ်
ဖုန်းရဲ့အောက်ခြေကနေ
၃ပိုင်း၂ပိုင်းအထိ
ပလပ်စတစ်ပြားကို
ဘယ် ညာ တစ်တန်းထဲ
ခွဲတင်လို့ရတယ်
အဲ့ဒီထက်ပိုသွားရင်
lcd ကြိုးဖြတ်မိသွားပါလိမ့်မယ်
ကျန်တဲ့နေရာတွေကို
ဘေးဘောင်ပတ်လည်
အနားစွန်လေးခွဲလို့ရပါတယ်
lcdရဲ့အောက်ဘက်မှာ
ဆားကစ်ပြားကို ကော်ပြားအုပ်ထားတဲ့အတွက်
ဘာထိခိုက်မှုမှမရှိပါဘူး
lcd ကြိုးပဲ သတိထားရတာပါ
lcd နဲ့ touch တွဲလျက်လာတာဆိုတော့
သတိထားခွာလိုက်ပါတယ်
ဆားကစ်ပြား ကိုစစ်ကြည့်တော့
vol ကြိုးပြားထိပ်ငုတ်တွေ
အကုန်ကြွေနေတယ်
ခဲပြန်လိုက်လို့လဲမရတော့
vol ခလုတ်လဲရတော့မှာပါ
ဒါပေမဲ့ vol ခလုတ်က
ဝယ်လို့မရသေးဘူး
အဲ့ဒီတော့ vol ခလုတ်ဖြုတ်ထားလိုက်ပြီး
အကုန်လုံးပြန်တပ်လိုက်ပါတယ်
safe mode ကတော့ ကောင်းသွားပါတယ်
ဒါပေမဲ့ vol ခလုတ်ကတော့ မရတော့ဘူးပေါ့
china ကနေ vol ခလုတ်မြန်မြန်ထုတ်ဖို့
ဆုတောင်းနေရတယ်ဗျာ






Sunday, September 20, 2015

samsung s2 shock error


မင်္ဂလာပါ
samsung s2
ဖုန်းက 0.8 A shock ကျနေတာပါ
ဒီ capacitor လေးတစ်လုံး
ဖြုတ်လိုက်တာနဲ့
အားလုံး ok သွားပါတယ်

iphone4 sound error





မင်္ဂလာပါ
ကျွန်တော်ဆရာကြီးမဟုတ်သလို
ဆရာပေါက်စလေးလဲမဟုတ်ပါဘူး
ကျွန်တော်တိုင်ပတ်ခဲ့ရတဲ့ဖုန်း
အဆင်ပြေသွားတဲ့
အကြောင်းလေးပြောပြချင်လို့ပါ
အမှားပါသွားရင်လဲ
ထောက်ပြလမ်းညွန်းပေးကြပါခင်ဗျာ
ဖုန်းက 
iphone4 music app မှာ
အသံမထွက်တဲ့ error
နားကြပ် နဲ့နားထောင်ရင်
အသံထွက်ပါတယ်
speaker လဲမပျက်ပါဘူး
ဖုန်းringtone အသံထွက်တယ်
ဖုန်းပြောလို့ရတယ်
vol ခလုတ် အလုပ်မလုပ်ဘူး
ဖုန်းက jailbreak မလုပ်ရသေးဘူး
iclound pass မသိတော့ဘူး
အဲ့ဒီတော့ vol ခလုတ်လဲမယ်ဆိုပြီး
ဖြုတ်လဲလိုက်တယ်
နားကြပ်ပေါက်ရယ်၊vol ခလုတ်၊ring ခလုတ် တစ်စုံလာတာဆိုတော့
အဆင်ပြေပြီးပေါ့
အဲ့ဒါဖြုတ်လဲပြီးသွားတော့
ဖုန်းပြန်ဖွင့်ကြည့်တာ 
အဆင်မပြေပါဘူး
ဒီတော့ web မှာလိုက်ရှာကြည့်တော့
ဒီနည်းကိုတွေ့တယ်
ဖုန်းကို jailbreak ဖောက်
Cydia တက်လာတော့
repo.hackyouriphone.org ကို
source add လိုက်တယ်
Cydia search box မှာ ifile ကို
ရှာပြီ installလုပ်လိုက်တယ်
cydiaကိုပိတ်ပြီး
ifile ကိုဖွင့်လိုက်တယ်
Ifile/system/library/lanchDaemons အထဲက
.com.apple.iapd.plist ဆိုတဲ့
fileကိုဖျက်လိုက်တယ်
ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်တော့
အားလုံး
ok သွားပါတယ်