Labels

Wednesday, November 25, 2015

Samsung pattern lock by susutun

Samsung တွေ ကို com port က နေ pattern lock ဖြုတ်လို့ ရတယ် တဲ့
စမ်းကြည့်ကြကွယ်............
Universal Android Tools 2014 ( Test ) Version
Universal_Android_Tools_2014_Version.2014003.rar 3.18 MB
                                         



Tuesday, November 24, 2015

Volcano box 2.2.8 crack

                                     Volcano Box 2.2.8 crack MT .MART

                               box မလို software သီသန့် သုံး၍ အဆင်ပြေသည်။
                               
                      


                                                                           Download

Sunday, November 22, 2015

G730-U00&G730-C00 touch error by kokoaung

G730-U00 နဲ့ G730-C00 တို့ ရဲ့ touch အပိုင်းကွာခြားချက်လေးပါ။
G730-UOO တွေမှာ အသုံးပြုထားတဲ့ ပါဝါအိုင်စီက MT6323 ပါ ။ အဲဒီအိုင်စီရဲ့ 
အတွင်းpin လေးတွေကနေ touch အတွက်လိုအပ်တဲ့ vdd 1.7v,vdd2.8v တို့ ကို
တိုက်ရိုက်ထုတ်ပေးပါတယ်။ touch မရလို့  wifi/bluetoothဲဖြုတ်ရတဲ့အထဲမှာ
ဒီ မော်ဒယ်အတွက်မပါဘူးထင်တယ်ဗျ။ flash မီးပိုင်း၊ proximity sensor ပိုင်းတွေနဲ့ တော့
ဆိုင်ပါတယ်။
G730-C00 မှာကြတော့ PM8029 အသုံးပြုထားပါတယ်။ ဗို့ ပေးသွင်းတဲ့လမ်းကြောင်းကို
လိုက်ကြည့်တဲ့အခါ MT6323 လိုတိုက်ရိုက်ပေးထားတာမဟုတ်ပဲ၊ vdd2.8v တစ်လိုင်းပဲ
ပါဝါအိုင်စီကတိုက်ရိုက်ပးပြီး၊ vdd1.7v ကို gate ic လေးတစ်လုံးခံထားတာတွေ့ ရပါတယ်။
Flash မီးအိုင်စီမှာပါဝင်တဲ့ I2C Interface ကြောင့် ရေ၀င်ပြီး flash မီးပိုင်းရှော့ဖြစ်တဲ့အခါ
Touch ရဲ့ I2C လမ်းကြောင်းပျောက်သွားတဲ့အတွက် touch ဆွဲလို့ မရတော့တာပါ။
ဒီမော်ဒယ်မှာတော့ bluetooth အပိုင်းကြောင့်touch မရတာမျိုးဖြစ်တတ်ပါတယ်။
ကွဲလွဲနေတဲ့ပုံစံလေးနှစ်ခုကိုလေ့လာကြည့်ကြပါ။
post တွေတင်ရတာလဲခပ်လန့် လန့် ပဲခင်ဗျာ ဖြတ်သွားဖြတ်လာဆရာတွေက အမြဲ
ခလုတ်တိုက် တိုက်နေလို့ ပါ။ကျွန်တော်တို့ က ဘ၀တူညီအစ်ကိုတွေ အတွက်မျှဝေပေးတာပါ။
တော်လွန်းတတ်လွန်းလို့ ဟုတ်ပါဘူး။မှားတာလဲပါမယ်၊မှန်တာလဲရှိမယ်ပေါ့ဗျာ။
လူတစ်ယောက်ဆီကကောင်းကွက်ကြီးပဲတော့ လိုချင်လို့ ဘယ်ရမလဲဗျာ။
အဆိုးအကောင်းအမှားအမှန် ကိုလက္ခံနိင်မှပဲပေါင်းသင်းဆက်ဆံကြတာကောင်းပါတယ်။
ပုံ ရွှဲ့ စောင်းယိုင်နဲ့ ညီနောင်များ။

                     


Audio error by kokoaung

အသံပိုင်းလေးပါ
ဖုန်းတွေမှာအသံပိုင်းကိုသုံ်းပိုင်းတွေ့ နိင်ပါတယ်။
တစ်ပိုင်းက ring tone,mp3,game တို့ ပါဝင်တဲ့ multimedia ပိုင်းကထွက်လာမဲ့
အသံပိုင်းကိုplayback audio အပိုင်းဖြစ်ပြီး
ဖုန်းတစ်လုံးနဲ့ တစ်လုံးဆက်သွယ်ပြောဆိုကြတဲ့အခါ
tx,rx, လိုင်းတွေနဲ့ အတူပါလာတဲ့ စကားသံတွေကိုတော့
digital signal  audio code  အပိုင်းလို့ ခေါ်ပါတယ်။နောက်တစ်ခုကတော့
FM STEREO အပိုင်းဖြစ်ပါတယ်။
huawei ဖုန်းတွေမှာတော့အသံပိုင်းနဲ့ ပတ်သက်ပြီး သီးခြား audio processor
အိုင်စီအနေနဲ့ သိပ်မတွေ့ ရပါဘူး။ အသံပိုင်းအားလုံးကို CPU ကပဲ
ထိန်းချုပ်ထားပါတယ်။
Multi media chip (MMC) တနည်းအားဖြင့် EMMC ထဲမှာ
default ringtone အသံတွေရယ်user data တွေဖြစ်တဲ့၊mp3,mp4 သီချင်းသံတွေrecording သွင်းယူထားတဲ့အသံတွေဟာ
ROM ထဲ မှာထည့်ထားတာပါ။ဒါကြောင့်emmc တစ်လုံးကို  data တွေထည့်ပြီးအခြား
အမျိုးအစားတူ ဖုန်းတစ်လုံးမှာ ထည့်လိုက်ရင် ခုနကထည့်ထားတဲ့ data တွေအကုန်ပြန်ပါလာပါတယ်။
ဒါပေမယ့် audio code အပိုင်းနဲ့  FM radio အပိုင်းကတော့ emmc နဲ့ မပတ်သက်ပါဘူး။
အစပျိုး ၀င်ရောက်လာတာက network ပိုင်းမှာရှိတဲ့ RF  အိုင်စီတွေဖြစ်တဲ့  RFMD
RTR 6285,RTR6500, ဒီအိုင်စီတွေ၇ဲ့  wildeband data တွေကိုလက္ခံတဲ့အပိုင်းကိုရောက်ပါတယ်။ RF signal တွေကို 800MHZ to 1250MHZ အတွင်းကန့် သပ်ပြီးလက္ခံကြပါတယ်။ RF Transceiver တွေမှာ LAN/IP module တွေပါဝင်ပြီး သက်ဆိုင်ရာ cellular ip ကိုရွှေးချယ်ပေးပါတယ်။
GSM channel band ပါဝင်တဲ့ cellular tx,rx  နဲ့ audio code တွေကို baseband အိုင်စီထံပို့ ပေးပါတယ်။baseband အိုင်စီတွေကို အများအားဖြင့် CPU ထဲမှာပဲပေါင်းစပ်ထားတာတွေ့ ၇ပါ
တယ်။
ထိုနည်းအတိုင်းပဲ FM antenna ကနေတဆင့်ဝင်လာတဲ့ signal တွေကို FM Module မှာရှိတဲ့
 အိုင်စီကလက္ခံပြီး  digital signal တွေကို  CPU ထံ ပြန်ပို့ ပါတယ် ။ဖုန်းတွေမှာ FM Antenna ကို နားကြပ်ကြိုးရဲ့
ခုခံမှုကနေတစ်ဆင့် ပြန်ယူထားတဲ့အတွက် နားကြပ်မထိုးရင်တော့ FM မမိနိင်ပါဘူး။
သက်ဆိုင်ရာ module တွေကပို့ လွတ်လိုက်တဲ့ digital code နဲ့  audio signal  တွေကို CPU ကလက္ခ့ ယူပြီး DACs အပိုင်းက digital to analog audio signal အဖြစ်ပြန်ပြောင်း
ပေးပါတယ်။အဓိကအကြောင်းကတော့ လူတွေရဲ့ အကြားအာရုံမှာ အသံအဖြစ်ခံစားနိင်မှုက
analog audio signal ဖြစ်ပြီး 20HZ TO 20KHZ ကြားမှာ၇ှိတဲ့ကြိမ်နှုန်းကိုသာကြားနိင်တဲ့
အတွက်ပြန်ပြောင်းပေးရတာဖြစ်ပါတယ်။
များသောအားဖြင့် audio signal ကို output ပိုင်းသို့ တိုက်ရိုက်မထုတ်ပေးပဲ
speaker နဲ့ဆက်နေတဲ့ power ic, audio amp output driver  ic လေးတွေတဆင့်ခံပြီး
အသံကိုထုတ်ယူကြပါတယ်။ နောက်ပိုင်းဝင်လာတဲ့ honor ဖုန်းအချို့ နဲ့ MSM 8212 အသုံးပြု
ထားတဲ့ ဖုန်းတွေမှာတော့ အသံကို CPU ကနေတိုက်ရိုက်ထုတ်ပေးတာတွေ့ ၇ပါတယ်။
ပါဝါအိုင်စီတော်တော်များများမှာ စပီကာ output  ပိုင်းတွေပါလာပါတယ်။
SAMSUNG ဖုန်းတွေမှာတော့ audio ပိုင်းကို သီးခြား အိုင်စီတွေနဲ့ ထုတ်ပေးတာတွေ့ ရပါတယ်။
တစ်ချို့ ဖုန်းတွေမှာဆိုရင် audio processor သီးသန့် ပါဝင်ပြီး hifi sound ,equ, စနစ်တွေ ထည့်ထားတဲ့အတွက်အသံထွက်အလွန်ကောင်းမွန်တာတွေ့ရပါတယ်။
မည်သို့ ဆိုစေ ဖုန်းတွေမှာအသံမလာရင် စပီကကနေ စ စစ်၇မှာပါ။
စပီကာ၊ လမ်းကြောင်း၊ကွန်ပိုးနင့်၊ ပါဝါအိုင်စီ၊ စီပီယူ  တဆင့်ခြင်းသွားရမျာပါ။
အကောင်းဆုံးကတော့ ပါဝါအိုင်စီတွေရဲ့အတွင်းပတ်လမ်းလေးတွေကိုတတ်နိင်သလောက်
လေ့လာမှတ်သားထားဖို့ လိုပါတယ်။ MTK အုပ်စုတွေမှာ အသံနဲ့ ပတ်သက်ပြီး
မိုက်အသံပိုင်းရော သီချင်းဖွင့်တဲ့အပိုင်း playback audio driver အပိုင်းတွေပါထည့်သွင်းထားတာတွေ့ ရပါတယ်။
နောက်တစ်ခုက ဆော့ဝဲနဲ့ ပတ်သက်တဲ့အပိုင်းပါ။
အသံနဲ့ ပတ်သက်တဲ့ apk တစ်ခုခုသုံးလိုက်တဲ့အခါ version မကိုက်တဲ့အခါမှာ အသံပိုင်းကို
ထိခိုက်နိင်ပါတယ်။သီချင်းသံရပြီး မိုက်အသံမရတာတို့ ၊ဖုန်းဝင်လာတာနဲ့ 
recording mode ကိုရောက်ပြီး ပြောသမျှအကုန်လိုက်မှတ်နေတာမျိုး၊
တစ်ဖက်ပြောတဲ့အသံမှာ echo သံတွေလိုထပ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
တစ်ချို့ ဖုန်းတွေမှာ  firmware မှားတင်မိရင် audio code အပိုင်းလုံးဝပျက်သွားတာမျိုးရှိပါတယ်။
မိုက်အသံပိုင်းကိုတော့ဖုန်းအများစုမှာ  CPU အိုင်စီကနေ ထိန်းချူပ်ထားတာတွေ့ ၇ပါတယ်။
မိုက် bias  ထုတ်ပေးတဲ့လမ်းကြောင်းပြတ်သွားရင်  မိုက်သံလုံးဝထွက်နိင်မှာမဟုတ်တော့ပါဘူး။
အသံပိုင်းနဲ့ ပတ်သက်ပြီးကျယ်ပြန့် လွန်းတဲ့အတွက် အကုန်တော့ပြည့်စုံမှုရှိမှာမဟုတ်ပါဘူး။
လေ့လာစညီငယ်တွေ ဗဟုသုတ ရယုံလောက်ပါပဲ။





                   



PM…8110 Shock error by kokoaung

PM 8110 သုံးတဲ့ဖုန်းတွေမှာ VPH လမ်းကြောင်းပေါ်
မှာတစ်ခုခုရှော့ဖြစ်နေရင် အိုင်စီရဲ့ထောင့်လေးတစ်နေရာမှာပူနေတတ်ပါတယ်
VBATT အဝင်filter ကနေ VPH filter ကို
iumper ပေးပြီးရှော့ရှာလို့ ရပါတယ်
အများဆုံးဖြစ်တတ်တာကတော့ vph filter ရှော့ဖြစ်ခြင်း
network ပိုင်းpa အဝင် filter လေးတွေရှော့ဖြစ်တာ
အဖြစ်များပါတယ်
ဒီအိုင်စီအသုံးပြုတဲ့ဖုန်းတွေမှာ Charging ပိုင်းသီး
သန့် မပါတဲ့အတွက် အားသွင်းပုံပြပြီး အားမဝင်ရင်
charging coil လေးရဲ့အထွက်ကနေ diode တစ်လုံးခံပြီး AC9 အဝင်ကို jumper ကျော်ပေးနိင်ပါတယ်
နောက်ပိုင်းဖုန်းတွေပါဝါမနိုးတဲ့အခါ network ပိုင်းက
အိုင်စီတွေပါစစ်ရတာတွေရှိလာပါတယ်
အရေးကြီးတဲ့ MSM CLK TCXO CLK  SLEEP
CLK တစ်ခုခု မရောက်ရင်ပါဝါမနိုးတော့ပါဘူး
အားလုံးပဲအဆင်ပြေကြပါစေ

                     

Sim error by kokoaung



subscriber identity module  or  subscriber identification module (SIM)

sim ကပ်မဖတ်တာ (သို့) sim မသိတာ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ
နှစ်မျိုးတွေ့ ရပါတယ်။
(1) SIM Translator  with slots
(2)PMIC build in Translator with slots

(1) SIM Translator  ဆိုတာကတော့  အားလုံးခေါ်နေကြတဲ့ sim ic ကိုပြောတာပါ။
dual sim I/O function pinout တွေပါဝင်ပါတယ်။ sim card တွေမှာအဓိကပါဝင်တဲ့ pin တွေကတော့
V SIM,SIM DATA,SIM CLOCK,SIM RESET, GND  စတဲ့ PIN လေးတွေပါပြီး Slots တွေနဲ့  တွဲဖက်ထားပါတယ်။
sim နဲ့ ပတ်သက်တဲ့  modem data တွေကို baseband  ic ကနေ ထုတ်ပေးပါတယ်။
CPU နဲ့ တွဲလျက်ပါလာတဲ့ Baseband တွေကတော့ CPU ကနေတိုက်၇ိုက် မောင်းနှင်ပါတယ်။
SAMSUNG ,HTC, တစ်ချို့ မော်ဒယ်တွေမှာ baseband processor ကိုသီးသန့် ခွဲထုတ်ထားပါတယ်။
ပါဝါ ဖွင့်လိုက်ချိန်မှာ  CPU ၇ဲ့ CLOCK generator  စတင်အလုပ်လုပ်ချိန်မှာ sim detect clock ဗို့ လေး
တစ်ချက် ထုပ်ပေးပါတယ်။ ဒီအချိန်မှာ sim ဗို့ လုံးဝမထွက်သေးပါဘူး။ Second logo ကိုကူးသွားတဲ့အချိန်မှာ
sim volt 1.7v တစ်ချက်ထုတ်ပေးပါတယ်။အကယ်ရ်ျ sim ကပ်မထည့်ထားလျှင် ပြန်ကျသွားပါတယ်။
ကျန်ငုတ်တွေမှာ ဗို့ တိုင်းရင်တော့ တွေ့ ရမှာမဟုတ်ပါဘူး။ data ငုတ်မှာ 0.7 ခန့် ဗို့ လေးကစားနေတာတွေ့ ရမှာပါ။
တကယ်လို့  sim  slot မှာ လုံးဝဗို့ မထွက်ရင်တော့ sim ic လဲပေးရန်လိုပါတယ်။
များသောအားဖြင့်ဖြစ်တတ်တာကတော့ sim ကပ်အထုတ်အသွင်း လုပ်ရင်း sim slot မှာရှိတဲ့ pin လေးတွေ
ကျိုးကုန်တာ ကွေးကုန်တာအဖြစ်များပါတယ်။
ရေ၀င်တဲ့ဖုန်းတွေမှာ C လေးတွေေ၇ှာ့ဖြစ်တာ  R လေးတွေပြုတ်နေတာမျိုးတော့၇ှိပါတယ်။

(2) PMIC build in  အမျိုးအစားကတော့ခုနောက်ပိုင်း ၀င်လာတဲ့ MTK  devices တွေမှာ အသုံးပြုတဲ့
MT 6323,6320,6329, အစ၇ှီတဲ့ PMIC တွေဟာ SIM Translator အပိုင်းကို ပါဝါအိုင်စီထဲမှာပေါင်း
ထည့်ပေးထားတာတွေ့ ရပါတယ်။ဒါကြောင့် sim volts လုံးဝမထွက် တော့ရင် ပါဝါအိုင်စီလဲပေးရတာ
တွေဖြစ်လာပါတယ်။ sim 1,sim2, တစ်ခုခုမရတာလဲ ဒီအိုင်စီကြောင့်ဖြစ်တတ်ပါတယ်။
အရင်ဆုံးတော့ ပြင်ပပတ်လမ်းမှာ  components တွေ ကောင်းမကောင်း စစ် ပေးဖို့ လိုပါတယ်။
sim slot တွေ pin ကျိုးမကျိုး စစ်ရမှာပါ။ ဗို့ လုံးဝမထွက်တော့မှပဲ  အိုင်စီတွေကိုင်ကြပါလို့ 
အကြံပေးချင်ပါတယ်။တစ်ခါတစ်ရံ sim slot ဘေးနားမှာရှိတဲ့ esd diode လေးတွေရှော့ဖြစ်ရင်
second logo မှာရပ်နေတတ်ပါတယ်။ sim ကပ်ထည့်လိုက်မှ ပါဝါပိတ်သွားတာမျိုးလဲဖြစ်တတ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
                                               



Backlight error by soe myant thu

မနေ့က Backlight post အရမ်းရှည်သွားတော့ ထပ်မဖြည့်လိုက်ရလို့ပါ

အကြောင်းတခုခုကြောင့် backlight supply မှာပါတဲ့
ကွန်ပို့နင့်လေးတွေ ပျက်သွားလို့ အစားထိုးလဲတဲ့အခါ
သိထားရမယ့် အချက်လေးတွေပါ

1. IC
Switching လုပ်ပေးပါတယ်
သူ့ထဲမှာပါတဲ့ ကြိမ်နှုန်းအတိုင်း SW ငုတ်မှာ
ကြိမ်နှုန်းမြင့်ထုတ်ပေးတာဖြစ်တဲ့အတွက် အလုပ်လုပ်ပုံ
ငုတ်အနေအထား ထွက်တဲ့ကြိမ်နှုန်း တပုံစံထဲတူမှ အစားထိုးလို့ ရပါမယ်
အထူးသဖြင့် နံပါတ်ပါတူမှ ပိုအဆင်ပြေတတ်ပါတယ်

2. Booster Coil
အေစီကြိမ်နှုန်းမြင့် (AC high frequency) ကို သိုလှောင်ပေးရတဲ့အတွက်
ပတ်ထားတဲ့ ကွိုင်အရွယ်အစား အပတ်ရေ တပုံစံထဲတူမှ အစားထိုးလို့ ပိုသင့်တော်ပါတယ်
ပါဝါအိုင်စီ (PMU) နားက ကွိုင်တွေကို အစားထိုးလို့ မရပါဘူး လုံးဝ မတူလို့ပါ
ကွိုင် အပတ်ရေနဲရင် ရှော့ချသလို ဖြစ်ပြီး အလုပ်လုပ်မပေးနိုင်ပါဘူး
တခြားဖုန်းမှာပါတဲ့ backlight ပိုင်းက Coil နဲ့ အစားထိုးရင် ပိုဖြစ်နိုင်ချေရှိပါတယ်

3. Rectifier Diode
ကွိုင်က ထုတ်ပေးတဲ့ AC ကို DC ဖြစ်အောင် ပြောင်းပေးတာပါ
ကွိုင်က ထုတ်ပေးတာ ကြိမ်နှုန်းမြင့် (high frequency)၊
ဗို့မြင့် (high voltage) ဖြစ်တဲ့အတွက်
အဲဒါတွေကို ခံနိုင်ရည်ရှိတဲ့ Diode ကိုပဲ အစားထိုး လဲပေးမှရပါမယ်
Backlight ပိုင်းက Diode မဟုတ်ရင်တော့ ပူတာ
ခဏနဲ့ ပြန်လောင်သွားတာမျိုး ဖြစ်တတ်ပါတယ်

4. Condenser
နှစ်မျိုး ပါပါတယ် တမျိုးက ဗို့အဝင်လိုင်းမှာ ရှိနေပြီး တမျိုးက အထွက်ပိုင်းမှာပါ
ဗို့အဝင်ပိုင်းက Condenser တွေက ဗို့နိမ့်ဖြစ်ပေမယ့်
ဗို့အထွက်ပိုင်းက Condenser ကတော့ ဗို့မြင့် ဖြစ်ပါတယ်
Diode က ပြောင်းပေးတဲ့ DC volt ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့နဲ့
LED လေးတွေက အသုံးပြုတဲ့ဗို့အားကို ဆက်တိုက်လိုသလောက် ပေးနိုင်ဖို့
အပေါင်းအနှုတ်မှာ ဗို့မြင့် Condenser ကို DC filter အဖြစ် ခွဆက်ပေးထားတာပါ

Condenser တွေမှာ တန်ဖိုးနှစ်မျိုး ပါပါတယ်
တခုက သိုလှောင်နိုင်စွမ်းရည် (capacitance) နဲ့
တခုက ခံနိုင်ရည်ဗို့အား (working voltage) ပါ
Capacitance များရင် လျှပ်စီးများများ သိုလှောင်ထားနိုင်ပြီး
Working Voltage များရင် ဗို့အားခံနိုင်ရည် ပိုများပါတယ်
အဝင်ပိုင်းမှာ VBatt volt (3.7) ဖြစ်တဲ့အတွက် အဲဒီလိုင်းမှာ ရှိနေကြတဲ့
Condenser လေးတွေဟာ အကြမ်းဖျင်း ဗို့အားခံနိုင်ရည် 10V ဝန်းကျင်ပဲ ရှိပါတယ်
အထွက်ပိုင်းမှာတော့ ဗို့မြင့် (high voltage) ဖြစ်တဲ့အတွက်
အကြမ်းဖျင်း 50V ဝန်းကျင်ခံနိုင်ရည်ရှိတဲ့ Condenser များကို သုံးကြရပါတယ်
ပြောချင်တာက အထွက်ပိုင်းက Condenser လေးပျက်လို့ အစားထိုးမယ်ဆိုရင်
backlight ပိုင်းမှာရှိတဲ့ အထွက် Condenser ကိုပဲ အစားထိုးမှ ရမှာပါ
တခြားအပိုင်းက Condenser နဲ့ အစားထိုးမယ်ဆိုရင်
ဗို့အားခံနိုင်ရည်နိမ့်တဲ့အတွက် ရှော့ဖြစ်ပြီး လောင်သွားပါလိမ့်မယ်

ဆားဗစ်လုပ်တဲ့အခါ သိထားရမယ့် အချက်လေးတွေပါခင်ဗျားးးးး


Mic error by kokoaung

မိုက်မရတဲ့အခါ အလွယ်တကူလုပ်လို့ ရတာရှိသလို ဟိုကျော်ဒီခွနဲ့ လုပ်ရတာတွေလဲ
ကြုံဖူးကြမှာပါ။ လေးစမိုက်ဝယ်မရလို့  ရှိတဲ့နှစ်စမိုက်လေးနဲ့ ကျုပ် ကျက်လိ ရတာလဲ
ရှိတတ်ပါတယ်။
မိုက်မရတဲ့ပြသနာ ဟာ ရေ၀င်တဲ့ဖုန်းတွေမှာအဖြစ်များပါတယ်။မိုက်အပေါက်ထဲကိုရေ၀င်
ပြီး မိုက်ပျက်တာရှိသလို၊ မိုက်လမ်းကြောင်းပေါ် က  components လေးတွေဆားပေါက်ပြီး
ပြုတ်တာမျိုးလဲရှိတတ်ပါတယ်။ မိုက်လမ်းကြောင်းတွေကိုလေ့လာကြည့်တဲ့အခါ ဗို့ ကိုအသုံးပြုတာထက်
 signal ပိုင်းကိုပိုပြီးသုံးထားတာတွေ့ ရပါတယ်။ coupling ,bypass အစရှိတဲ့ ကွန်ဒင်ဆာလေးတွေနဲ့
တည်ဆောက်ထားတာတွေ့ ရပါတယ်။မိုက်ဆားကစ်တွေကို CPU ကနေ တိုက်ရိုက်ထုတ်တဲ့
အမျိုးအစားနဲ့  PMU ကနေ ထုတ်တဲ့ အမျိုးအစားဆိုပြီး အုပ်စုနှစ်မျိုးတွေ့ ရပါတယ်။
ဒီနေရာမှာ အုပ်စုအမျိုးအစားကွဲပြားပေမယ့် audio signal ဖြစ်တဲ့ mic- bias ကိုအဓိက
သုံးထားတာခြင်းတော့အတူတူပါပဲ။တစ်ချို့ ဖုန်းတွေမှာ  audio code အပိုင်းနဲ့ mic အပိုင်း
ကို  CPU ကနေ တိုက်ရိုက် ထုတ်ပေးပြီး ၊တစ်ချို့ ဖုန်းတွေမှာ MT 6323 တို့ လို
ပါဝါအိုင်စီတွေအသုံးပြုပြီး audio mic အပိုင်းတွေကို ပါဝါအိုင်စီ ကပဲထုတ်ပေးတာတွေ့ ရပါတယ်။
မိုက်တွေကောင်းမကောင်း မီတာနဲ့ တိုင်းကြည့်လို့ ရပါတယ်။ မိုက်အများစုဟာ
ကွန်ဒင်ဆာမိုက်အမျိုးအစားဖြစ်တဲ့အတွက်၊volt နဲ့ audio signal နှစ်ခုပေါင်းပြီးပေးမှအသံထွက်တာ
ကိုတွေ့ ရပါတယ်။ မီတာကို x1 စကေးမှာထားပြီး  မိုက်ရဲ့အပေါင်းနဲ့ အနှုတ် အစလေးတွေကို
 တိုင်းကြည့်ပါ မီတာတံ ဟာ ¼  ခန့် ပြပါမယ်။ မီတာတံကိုပြောင်းပြန် ပြန်လည့်တိုင်းရင်
လုံးဝမပြပါဘူး။အကယ်ရ်ျ နှစ်ဖက်စလုံးလုံးဝမပြရင်လဲမိုက်မကောင်းတော့ပါဘူး။
လေးပင်မိုက်တွေမှာ အတွင်းပိုင်းဖွဲ့ စည်းပုံအရ နှစ်ခုကို တစ်စုံတွေ့ ရပါတယ်။ နှစ်ခုကိုပေါင်း
ပြီး groung ချပေးရပါတယ်။ ကျန်နှစ်ဘက်ကတော့ မိုက်အထွက်ပိုင်းနဲ့ မိုက် bias လမ်းကြောင်း
ဖြစ်ပါတယ်။လေးပင်မိုက်နေရာမှာ နှစ်ပင်မိုက်နဲ့ အစားထိုးမယ်ဆိုရင် ပူးပြီး ground ချထားတဲ့
အစနှစ်ခုဘက်မှာ မိုက်ရဲ့ အနက်ကြိုးစနဲ့ ဆက်ပေးပါ။ ကျန်နှစ်ဖက်မှာ resistor 5.6k တစ်လုံးကို
ခွလျက်တတ်ပေးပြီး အနီကြိုးနဲ့ဆက်ပေးပါ ။ဒီနေရာမှာ မိမိတတ်လိုက်တဲ့ ဖက်မှားနေရင်
အသံမထွက်ပါဘူး။ အနီစကို အခြားတစ်ဖက်ထိတ်သို့ပြောင်းပြီး ဆက်ပေးပါ။
ကြားတွင်ခွလျက်ခံထားသော resistor ohm တန်ဖိုး ကို အတိုးအလျော့ပြုလုပ်ပေးခြင်းဖြင့်
မိမိလိုအပ်သော မိုက်သံအတိုးအကျယ်ကိုချိန်ငြှိနိင်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။
--------------------------------------------------------------------------------------------------------------    

                     

Saturday, November 21, 2015

Network error by kokoaung

ခုနောက်ပိုင်း HUAWEI ကအသစ်ဝင်လာတဲ့မော်ဒယ်ပါ။ တို့ စက်ဆရာတွေ အဖြုတ်ကြမ်းလို့ 
အိုင်စီတွေ ဆားကစ်ပတ်လမ်းထဲမြုပ်ထားတာ C8814 တဲ့။

အင်တာနာတိုင်ကနေ ၀င်လာတဲ့ RFလိုင်းနဲ့ အတူပါလာတဲ့ TX,RX, လိုင်းတွေဟာ
RFMD လို့ ခေါ်တဲ့ RF switch အိုင်စီရဲ့ pin no-17 ကိုဝင်ရောက်ပါတယ်။ဒီအိုင်စီထဲမှာ
အ၀င် ငုတ်-၃လိုင်း၊အထွက်-၃လိုင်း၊ control ငုတ် ၄လိုင်း၊ RX အ၀င် ၂လိုင်း ၊vdd ၁လိုင်း၊
ကျန်ငုတ်တွေကတော့ gndငုတ်တွေများပါတယ်။ Battery ကနေတိုက်ရိုက်ဗို့ လိုင်းအ၀င်ရှိတဲ့
အတွက် ရှော့အဖြစ်များတဲ့ အိုင်စီလဲဖြစ်ပါတယ်။  sim ပိုင်းကလာတဲ့ low-band နဲ့  high-band
ကိုတော့ pin 1 နဲ့ pin3 တို့ ကိုဝင်ရောက်ပါတယ်။ Modulation လုပ်ပြီးထွက်လာတဲ့  TRX
လိုင်းကို pin-16 ကနေပြန်ထုတ်ပေးပြီး Duplexer ထဲကိုပေးပို့ ပါတယ်။
Duplexer ကနေထွက်လာတဲ့ RF တွေကို sawfilter လေးခံပြီး PA ရဲ့ pin 2ကိုပို့ ပေးပါတယ်။
PA ရဲ့ pin -9 ကနေ တဆင့် saw filter တွေခံပြီး RTR 6500 သို့ ပို့ ပေးပါတယ်။
ဒီနေရာမှာ pa ရဲ့ အလုပ်လုပ်ပုံက rf signal တွေကို အင်အားကောင်းမွန်အောင်ချဲ့ ထွင်ပေး
ရတဲ့အပိုင်းပါ pa မကောင်းရင် cdma ဖုန်းတွေမှာ 1x တစ်တိုင်ပဲပေါ်ပြီး ဖုန်းပြောလို့ မရတော့ပါဘူး။pa မှာလဲ cdma pa ရယ် gsm pa ရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်။ cdma pa
တွေကို 6340,5404,5405 စတဲ့နံပါတ်တွေအဆင်ပြေပါတယ်။ gsm paတွေက နံပါတ်အပူး
တွေနဲ့ လာတာများပါတယ်။ 6655,6661, 77751 စတဲ့နံပါတ်မျိုးတွေပါ။ခုနောက်ပိုင်းဝင်လာတဲ့
honor တွေမှာ 4g  network ကိုထောက်ပံ့ပေးတဲ့အတွက် pa တွေလဲမတူတော့ပါဘူး။
logic control ပိုင်းတွေပါဝင်လာပြီး auto select  pam တွေဖြစ်လာပါတယ်။
RTR တွေမှာ S3 လမ်းကြောင်းကနေ 1.7V တစ်လိုင်းယူထားတဲ့အတွက် တစ်ခါတစ်၇ံ
အမ်ပီယာ 4,5,6,တွေကျော်လာ၇င် ဒီအိုင်စီတွေကြောင့်လဲဖြစ်တတ်ပါတယ်။
RTR 6500 မှာတော့ wide band data ပိုင်း၊ tx cell output ပိုင်း ၊ audio code ပိုင်း။
tcxo ပိုင်းတွေပါဝင်ပါတယ်။ ဒီအိုင်စီကိုတော့ cdma ဖုန်းတွေမှာပဲအသုံးပြုပါတယ်။
လိုအပ်တာလေးတွေလဲအမြင်မတော်ရင်ပြောပြပေးကြပါဦးဆာတို့



         

Friday, November 20, 2015

Post by zaw win htut 

SD card ထည့်မှ SD Card slot ရဲ့ အခြေမှာရှိတဲ့ deceted pin Ground ကျပြီး power ic အထွက် VREG S3 ကလာတဲ့ 1.8 volt ထွက်နေတဲ့ Resistor လေးတစ်လုံးက 0 volt ပြောင်းသွားပါတယ် အဲ့လိုပြောင်းသွားမှသာ Memory card ဖတ်ဖို့ရာအတွက် အလုပ်လုပ်ပေးမဲ့ TF Card EMI Filter (U1402) အတွက် လိုအပ်တဲ့ 2.8 voltage ကို power ic ကနေ VREG L13 မှတဆင့် ထုတ်ပေးပါတယ် အဲ့လိုထုတ်ပေးမှ EMI Filter အလုပ်လုပ်ပြီး SD card slot pin No.4 Vcc မှာ voltage ရောက်ပါမယ် Deceted pin gnd မကျရင် volt လုံးဝမထွက်ပါဘူး
ကလေးကွက်လေးတွေပါ ဆာတွေ ကျော်ခွသွားပါ 😄😄😄

Thursday, November 19, 2015

phone touch error

Phone touch error

post by ko ko aung

ဖုန်းတစ်လုံးရဲ့ Touch အပိုင်းကိုလေ့လာကြည့်ရင်
၃ ပိုင်းလောက်ကွဲနေတယ်ခင်ဗျ
ဗို့ ပေးတဲ့အပိုင်း VDD 1.7-2.8 v
Data ပိုင်းတွေဖြစ်တဲ့
TP-INT
TP-reset
SCL
SDA လမ်းကြောင်းများ
Components ပိုင်းတွေဖြစ်တဲ့
touch ic
touch connector
dc to dc
drop down resistor
pull-up resistor
esd diode
capacitor အစရှိတဲ့ ပံ့ပိုးပစ္စည်းများ
ဒီလိုသုံးပိုင်းခွဲပြီးလေ့လာနိင်ပါတယ်
ဒါမှတစ်ပိုင်းခြင်းစီမှာဖြစ်တတ်တဲ့ error တွေကို
ထဲထဲဝင်ဝင်သိလာမှာ
ဗို့ ပေးတဲ့အပိုင်းမှာနှစ်မျိုးရှိပါတယ်
dual volt နဲ့ single volt ဆိုပြီးနှစ်မျိုးပေးပါတယ်
အသုံးပြုတဲ့ touch ic ပေါ်မှာမူတည်ပြီးပေးသွင်း
ဗို့ မတူပါဘူး
2.8v တစ်လိုင်းထဲသုံးတဲ့ဖုန်းတွေရှိပါတယ်
အများဆုံးသုံးတာကတော့ 1.7v-2.8v နှစ်မျိုး
ပေးပါတယ် ဒီနှစ်မျိုးပေးတဲ့နေရာမှာတောင်
တစ်လုံးနဲ့တစ်လုံးမတူသေးပါဘူး
တစ်ချို့က PMU ကနေတိုက်ရိုက်ပေးသွင်းပြီး
တစ်ချို့ကြ DC toDC ခံပြီးမှပေးကြပါတယ်
တစ်ချို့ လဲDC to DC အစား C3H အိုင်စီကို
သုံးကြပါတယ်ဒါကြောင့်ဗို့ အားပေးသွင်းတဲ့အပိုင်းမှာတောင် အခက်အခဲလေးတွေတန်းစီနေပါတယ်
data ပိုင်းမှာလဲ နှစ်မျိုးကွဲနေပါတယ်
touch ic ကပို့ ပေးလိုက်တဲ့  RX-TX digital
signal တွေကို CPU သို့ ပို့ ပေးတဲ့အဓိကလမ်းကြောင်းရှိပါတယ် TP-INT
လို့ ခေါ်ကြပါတယ် အဲဒီလမ်းကြောင်းကိုဖုန်းတော်
တော်များများမှာ CPU နဲ့တိုက်ရိုက်ချိတ်ဆက်ထား
ပြီးတစ်ချို့ဖုန်းတွေမှာ ကြားခံ buffer ic လေးတွေ
ခံပြီးမှပေးထားတာတွေ့ရပါတယ်
ဒီလမ်းကြောင်းတွေဟာအများအားဖြင့်အခြားအပိုင်း
တွေနဲ့ဆက်သွယ်မှုမရှိပဲ ဆားကစ်ပြားရဲ့
အတွင်း layer ကနေပြေးထားတာပါ
တော်ရုံနဲ့အပျက်အစီးမရှိပါဘူး စက်ပြားကြိုးတာ
ရေဝင်ပြီးဆားပေါက်မှသာ အဆက်အသွယ်ပြတ်နိင်တာပါ
ဒီလမ်းကြောင်းပြတ်ပြီဆိုရင်လဲ ပြန်လိုက်ဖို့ မလွယ်
ပါဘူးနောက်တစ်ခုက အဲဒီလမ်းကြောင်းပေါ်မှာ
data စီးဆင်းနိင်ဖို့ အတွက် PMU ကနေ resistor
10K တစ်လုံးလောက်ခံပြီး 1.7vလောက်ပေးထားပါတယ် ဒီဗို့ လေးပျောက်နေရင်လဲ အလွယ်တကူအစားထိုး
ပေးနိင်ပါတယ်
reset လမ်းကြောင်းကတော့ CPU ကနေတိုက်ရိုက်
ထိန်းချုပ်တဲ့လမ်းကြောင်းတစ်ခုပါ
Open drain volt ဖြစ်တဲ့အတွက် set နဲ့ reset 
အခြေနှစ်ခုမှာမတူညီတဲ့ဗို့ အားနှစ်ရပ်ကို
ပြနေတတ်ပါတယ် 1.5v to 0.5v ခန့် ပါ ဒီလမ်း
ကြောင်းပေါ်ကဗို့ ကိုတော့အခြားဗို့ လမ်းကြောင်း
တစ်ခုကနေ jumper ကျော်လို့ မရပါဘူး
SDA SCL လမ်းကြောင်းကိုတော့ CPU ရဲ့
GPIO အပိုင်းကနေ data အကူးအပြောင်းလုပ်ပေးပါတယ်ဒီလမ်းကြောင်း
နှစ်ခုပေါ်မှာ PMU ကနေဗို့ ပေးထားတဲ့
pull-up resistor နှစ်လုံးခံထားပါတယ်
အဲဒီကောင်လေးတစ်လုံးလုံးပြုတ်နေရင်လဲ
မရပါဘူး touch နဲ့
ဆက်နွယ်နေတဲ့ data လမ်းကြောင်းပေါ်မှာ
touch ic အပြင် proximity sensor
bluetooth
camera flash ic
gyro sensor 
အပိုင်းတွေနဲ့ချိတ်ဆက်ထားတဲ့အတွက်
touch ဗို့ တွေရောက်ပြီး touch ဆွဲမရတဲ့အခါမှာ
ဒီအပိုင်းတွေကို ထည့်သွင်းလုပ်ဆောင်ပေးရပါတယ်
နောက်တစ်ခုကတော့ဆော့ဝဲပိုင်းပါ
firmware မှားတင်မိတာမျိုး အသုံးပြုထားတဲ့ app
တွေများလာတဲ့အခါစက်ဟန်းပြီးtouch မရတာမျိုး
ဖြစ်တတ်ပါတယ်
နောက်ဆုံးတစ်ခုကတော့ components အပိုင်းပါ
ရေဝင်ဖုန်းတွေမှာအပျက်အများဆုံးအပိုင်းလဲဖြစ်ပါ
တယ် ဆားပေါက်ပြီဆိုရင် တဖြည်းဖြည်း
error တွေတက်လာမှာပါအသေအခြာစစ်ဆေး
ပြီးပြုပင်ပေးရင်ရပါတယ် လမ်းကြောင်းလေးတွေ
ပြတ်နေတာကိုမီတာအသုံးပြုပြီး jumper ကျော်
ပေးတတ်ဖို့ ပဲလိုပါတယ်









ဆရာများမန့် ပေးခဲ့ပါခင်ဗျာ

Saturday, November 14, 2015

honor H30 L02 Jumper way

honor H30 L02 jumper way
ရှာဖွေသူ-- မြတ်တောင်ကြီး










good နိုင်ကြပါစေ

Honro H-30 C00 jumper way


Honor-H-30-C00 jumper way လေးပါ

ဒီ way ကို 
မြတ်တောင်ကြီး က
ရှာဖွေပေးထားပါတယ် photo ထဲကသူပေါ့








အဆင်ပြေနိုင်ကြပါစေဗျာ



China mobile driver collection





အဆင်ပြေနိုင်ကြပါစေဗျာ

Samsung G-313H firmware

Samsung G-313H firmware




                                          G313H0XE0ANL5-   Android-4.4.2



                          Download link  -------index.php?a=browse&b=file&id=8258


   100% မှန်ကန်တယ်ဗျ