Labels

Thursday, December 29, 2016

Vivo y15 dead error fix

 Vivo y15 dead error fix

Vivo y15 firmware တင်လိုက်တာ dead ပါလေရောဗျာ
firmware မတင်ခင် backup ဆွဲပါသေးတယ်
ဘာfile မှ မပေါ်လို့ ဆွဲ မရလိုက်ဘူး
flashtool နဲ့တင်တယ် dead တယ်
နောက် တစ် file box crack နဲ့တင်တယ် မရဘူး
firmware 5 file 5မျိုးပေါ့တင်တယ်မရဘူး
နောက်ဆုံး file နဲ့ကြတော့ Dead တာလေဗျာ
computer တောင်မသိတော့ဘူး
test point လေးရှိမလားလို့ site တွေမှာရှာတယ် မရှိဘူး
အဲ့တော့လက်မြောက်ပြီး vivo service ကိုပို့တော့ ပြောတယ်ဗျာ
စက်ပြားလဲရမယ်တဲ့ 45000 ks ဆိုတော့ အင်းအဲ နဲ့ပြန်ယူလာလိုက်တယ်
မဖြစ်ပါဘူးလေး စပ်စုကြည့်လိုက်ဦးမယ်ပြီး ကလိလိုက်တာ



အဲ့ပုံ ထဲက နေရာကို ခဲကြိုးနဲ့ ဆက်ပေးလိုက်တယ် တခြားနေရာတွေအရင်စမ်းတာပေါ့ဗျာ
အခုနေရာက ok သွားတဲ့နေရာပေါ့ 
ခဲကြိုးဆက်ပြီး flashtool နဲ့ firmware ပြန်ရေးတယ်
dead သွားတဲ့ firmware နဲ့ပဲပြန်ရေးကြည့်တာ 
ဝေါင်း ဖုန်းက logo ပြန်တက် ပါလေရောဗျာ
အဲ့မေ့လို့ဗျာfirmwareရေးပြီးရင် ခဲဆက်ထားတဲ့ကြိုးလေးတော့ပြန်ဖြုတ်လိုက်ပါလို့
firmware file တော့မတင်ပေးတော့ပါဘူးဗျာ
ဘယ် လင့်နဲ့အဆင်ပြေမှန်းမသိတော့လို့
firmware file ကို download ဆွဲခွင့်ပေးတဲ့ ဆရာသမားများ ကျေးဇူးပါ
ပညာသင်လေးမို့ အမှားပါရင် သွန်သင်ဆုံးမကြပါ ခင်ဗျာ

မှတ်ချက်။      ။Vivo Logo အကြီး firmware နဲ့ Logo အသေး firmware နှစ်မျိုးလာတယ်လို့   
                   ဆရာတွေပြောပါတယ်။ Firmware လေးတော့ဂရုပြုပါ။

Thursday, August 18, 2016

MTK SP flashtool Edit new version

SP flashtool Edit Version
အရမ်းကိုအဆင်ပြေတဲ့ toolလေးတစ်ခု မျှဝေပေးချင်ပါတယ်။
သုံးရတာ good တယ်ဗျာ ။ file size 13 MB ပဲဆိုတော့ဆွဲလိုက်တော့။
သုံးဖူးရင်တော့ ကြိုက်သွားမယ်။ ပြောပြမယ် dead နေတဲ့ ဆိုင်ပြန်အလုံးလေး
 firmware ကို sp နဲ့ရေးတယ်။miracleနဲ့ ရေးတယ် နောက် tool တွေရှိတယ်ရေးတာ
 ရေးလို့တော့ပြီးတယ်။ဖုန်းက ပါဝါမပွင့်ဘူး။ ဒီ tool လေးနဲ့ကစ်လိုက်တော့ ok သွားပါလေရောဗျို့။



                                                       Download

password- mrtuntunlin

Wednesday, August 10, 2016

SPD UpgradeDownload Tool

SPD CPU သုံးဖုန်းတွေ firmware ရေးတဲ့အခါ firmware မှန်နေပေမယ့်
 Tool ကြောင့် Dead တတ်ပါတယ်။
အဲ့ဒါလို မ Dead ရအောင် tool လေးမျှဝေပါရစေ။
                                                      Download
test ထားတာပါ။အလျှော်ဇယားလေးတွေလွတ်ကင်းနိုင်ပါစေ။

Apple ID Free Acc အမှန်အကန်ဖွင့်ခြင်း Paid


Apple ID Acc ဖွင့်နည်းတွေ ဆရာတွေတော်တော်များများနည်းလမ်းပြထားကြပါတယ်။

ဒါပေမဲ့ အဲ့ဒီနည်းတွေက နိုင်ငံခြားမှာနေသူတွေအတွက် အရမ်းအဆင်ပြေမှာပါ။

မြန်မာ မှာလဲဒီနည်းနဲ့ပဲဖွင့်ရမှာဖြစ်ပါတယ်။ ဖွင့်လို့အဆင်ပြေတဲ့သူလဲရှိမှာပါ။

အဆင်မပြေတဲ့သူအတွက် software လေးတစ်ခုလိုအပ်နေလို့ပါ။

အဲဒီ software ကို Facebook chatbox မှာ Telenor 5000 နဲ့လာဝယ်နိုင်ပါတယ်။

 software link ကိုတော့ ပေးထားပါတယ်။

              Download

Password အတွက်ကတော့ chatbox ပေါ့။

https://web.facebook.com/mrtuntun.lin.5

software မလိုတဲ့သူတွေအတွက် ကဲ့ဆရာတွေရဲ့နည်းနဲ့စကြရအောင်

(IT) ကိုထိုက် : Apple ID အမေရိကန် Account ဖွင့်နည်း: Apple ID အမေရိကန် account ဖွင့်နည်းပါ ကွန်ပြူတာ iTunes ကနေဖွင့်တဲ့နည်းပါ။ သိပြီးသား ဆရာကြီးတွေအတွက်မဟုတ်ပါဘူး မသိသေးတဲ့သူတွေအတွက်ဖြစ်ပါ...

Wednesday, July 27, 2016

Honor holly U19 dead boot fix firmware


ဆရာ ထက်အာကာ post ကိုပြန်ကိုးကားချင်လို့
share လိုက်တာပါ post ရဲ့ အပေါ်ပိုဒ်ပဲနော်
အောက်ပိုဒ်မပါဘူး
honor U19 တစ်လုံး miracle crack နဲ့
firmware ရေးတာ preloader တစ်ခုပဲ
ရေးတယ်ကျန်တာမတက်ပဲရပ်သွားတယ်။
ဖုန်းကဖွင့်လို့မရတော့ဘူး။
death သွားပြီး။အဲ့firmware က sp နဲ့ရေးမရဘူး။
နောက်firmware တစ်fileကိုပြန်ရေးတယ်။
firmware မှာ userdata file မပါဘူး။
SP နဲ့ ရေးတယ် ok ပြီးသွားတယ်။
ဖုန်းပြန်မတက်ဘူး။
0.2 A နဲ့ရပ်နေတယ်။
backup firmware ပြန်ရေးလဲမရဘူး။
death နေတဲ့ဖုန်းကိုပဲ miracle နဲ့ backup ပြန်ဆွဲတယ်။
အဲ့ဒီမှာ userdata size က4k ပဲရှိတယ်။
နောက်firmwareကိုmiracle နဲ့ပြန်ရေးတာ
userdata နေရာရောက်ရင် errorတက်ပြီးရပ်သွားတယ်။
sp နဲ့userdata ပါရင်အဆင်ပြေမယ်လို့တွေးမိလိုက်တယ်။
sp နဲ့ရေးလို့ရတဲ့ firmware ကလဲမရှိဘူး။
download ဆွဲသမျှကဟာလဲ bin backup ချည်းပဲ
အလုံးတူကလဲရှိနေတယ်။
backupဆွဲဖို့ ဘာနဲ့ဆွဲရမှန်းမသိဘူး ဖြစ်နေတယ်။
miracle တောင် ဆရာsusutun ပြောပြမှ သုံးတတ်
လာတာပါ။ဆရာထက်အာကာ post မှာ mtkdroid tool
နဲ့backup ဆွဲလို့ရတယ်ဆိုတဲ့အကြောင်းတွေးမိလာတယ်။
အဲ့ tool ကို imei ပဲရေးလို့တတ်တာ။backup
မဆွဲတတ်ဘူး။ ဖုန်းကပြင်မရရင်လျော်ရတော့မယ်။
backup ဆွဲ ဖို့ကိုပဲ ကလိတာဗျာ။
နောက်ဆုံးတော့backup firmware လေး ရပြီးပေါ့။
sp နဲ့ ကစ်တယ်။logo လေးပြန်တက်။ အဲ့မှာ reset ချဖို့
error တက်တယ်။ vol down နှိပ်မရတော့ reset ချမရ။
hardware လိုက်တယ် vol down ပြန်မရဘူး။
အဲ့ဒါနဲ့ MPPG ကfirmware ကိုတွေ့လို့SPနဲ့ပြန်ရေးတယ်။okသွားပါတယ်။
Firmware ရေးခ5000 ks ပဲရတယ်။
တောမှာနေတာဆိုတော့ Service ခ ကတော့ နည်းတယ်။
မလျော်ရတာပဲ ကံကောင်း ။
တစ်ညလုံးမိုးအလင်းပဲ။
ပြောချင်တာက ဆရာထက်အာကာ Post ကို
ထောက်ခံပါတယ် ဆိုတဲ့အကြောင်း။
firmware link လေးတော့ copy မလာပေးပါတယ်
download

Monday, July 25, 2016

XBO V5 LCD Fix Firmware miracle bin file 100% Test

XBO V5 firmware
                                                     File size-516.7 MB
Miracle box,box crack နဲ့တင်ရပါမယ်။ SP flash tool နဲ့မရပါဘူး။
XBO V5 မော်ဒယ်က sony logo,oppo logo,xbo logo တွေနဲ့တွေ့ရတာများတယ်။
sony logo နဲ့ဖုန်းကတော့ google free site က firmware တွေ့နဲ့ အဆင်ပြေပါတယ်။
တစ်ချို့အလုံးတွေတော့ LCD လစ်တတ်ပါတယ်။
oppo logo နဲ့ဆိုရင် dead တာများတယ်။
ဒါပေမယ့် ဒီ firmware ကတော့ logo တိုင်းနဲ့အဆင်ပြေပါတယ်။
ကျွန်တော့်ဆိုင်ရောက်လာတဲ့ ဖုန်းတိုင်းကတော့ LCD လစ်တာနဲ့ dead နေတာပဲများပါတယ်။
ကျွန်တော်ကတော့အခု firmware နဲ့ပဲကစ်တာ အလုံးတိုင်း ok ပဲ။
ဒီ firmware ရဖို့ ကျွန်တော် ငွေ ၅၀၀၀၀ လောက်ကုန်သွားတယ်လို့ပြောရင် ယုံမလား။
တကယ်ပါ ကျွန်တော့် xbo oppo logo နဲ့ ဖုန်း firmware စရေးတုံးက LCD လစ်တယ်။
free firmware down တာ file တော်တော်စုံသွားတယ်။
download ဖိုးတွေနဲ့တင်တော် တော်များနေပြီး။
free site ကအဆင်မပြေတော့ firmware ၀ယ်တာ firmware link ချပေးတဲ့
ဆရာသမားကိုတောင် အားနားရတဲ့အဖြစ်။ သူပေးတဲ့ link မှာ ဒီ firmware ပါတယ်။
ဒါပေမဲ့ ကျွန်တော်ရေးတာမရလိုက်ဘူး။အဲ့ဒီဖုန်းကို Xbo Z3 firmware တင်မှအဆင်ပြေသွားတယ်။
Z3 တောင် တစ်ခါတည်းတင်လို့ရတာမဟုတ်ဘူး။၃၊၄ခါတင်မှအဆင်ပြေသွားတာဗျို့။
အဲ့ဖုန်းတစ်လုံးရေးတာ ၁လလောက်ကြာတယ်။
Z3 နဲ့အဆင်ပြေတော့ ကျွန်တော့် post တင်လိုက်ပါသေးတယ်။အဲ့ post ၀င်ကြည့်တဲ့သူ
တော်တော်များလို့ အဆင်မပြေကြဘူးထင်ပါတယ်။
အခုဒီ firmware က XBO V5 firmware ပါ။အဆင်ပြေတဲ့ firmware ပေါ့။
ဒီ firmware ကို upload ပြန်တင်ထားပေးတာပါ။
upload တင်တာ ၁၀ နာရီလောက်တောင်ကြာတယ်။ကျွန်တော့်နေရာ ဖုန်းလိုင်းကောင်းချက်ပေါ့ဗျာ။
ဆရာ site မှာ အခုအချိန်ထိရောင်းနေတဲ့ firmware မို့ ၊ဒီ firmware ကို free ပေးလို့မဖြစ်တော့ဘူးပေါ့။
အဲ့တော့ Telenor 3000 ks ပေါ့ဗျာ။
Link ကလေးတော့ပေးလိုက်မယ်
password ကတော့ facebook chatbox ကိုဆက်သွယ်လိုက်ပေါ့ဗျာ။
ကျွန်တော် ပညာသင်တစ်ယောက်ပါ။
အဆင်ပြေနိုင်ကြပါစေ။


Sunday, July 24, 2016

Coolpad 7232-s40 Firmware LCD fix

Coolpad 7232-s40 Firmware LCD fix
ဒီ firmware ကို ဘယ် site ကဆွဲထားမှန်း မမှတ်မိတော့လို့
မူရင်းတင်သူကို ကျေးဇူးတင်ပါတယ်။
LCD လစ်သွားတာ firmware တော်များများဆွဲတာ အဆင်မပြေပဲ ဒီfirmware ကို pcloud မှာ
link save ထားမိလို့ကျန်နေတာပါ။
firmware တင်တာ အလုံးတော်တော်များများအဆင်ပြေပါတယ်။
LCD မလစ်သေးရင် uboot  file ဖြုတ်တင်ဖို့ အကြံပြုပါရစေ။
uboot file ဖြုတ်ရေးလို့ LCD လစ်ရင်တော့ uboot file အပါ file အပြည့်ပြန်ရေးကြည့်ပါ။
ဆရာ မဟုတ်ပါဘူး။ ပညာသင်လေးပါခင်ဗျာ။
                                           
                                                    File size-113MB                                                    
                                                        Download

Saturday, July 23, 2016

GT-I9082 Clone MT6575 Firmware Test

GT-I9082 Clone MT6575 Firmware Test 
Samsung_Galaxy_Grand_Clone_GT-_I9082_ALPS.JB.MP.V._16_Miracle_box_backup
                             
                                                       File size-2.08 GB

Telenor-3000Ks
Contacts

GT-I9082 clone MT6577 Test Firmware

GT-I9082 clone MT6577 Test Firmware
                                                                           File size-258 MB
backup firmware ပါ။

Telenor-3000Ks


Monday, June 27, 2016

Timi T15 MT652 firmware

Timi T15 MT6572
Test 100%
ဝယ်ယူထားတဲ့ firmware ဖြစ်လို့ ပြန်ရောင်းပါရစေ။
မူရင်းက free ပေးတဲ့အခါ password ကို free ပေးပါ့မယ်။
firmware တင်လို့မဆင်မပြေရင် ငွေပေးစရာမလိုပါဘူး။
file size -571 MB
((((((((((((((((((((((((Download ဆွဲမယ်ဗျာ)))))))))))))))))))))))))

 ဆက်သွယ်လိုက်ပါ Chatboox
https://web.facebook.com/mrtuntun.lin.5

Monday, March 14, 2016

LAVA Mobile Firmware ( All Model )

Post By Taunggyi Mobile Family added 2 new photos.

LAVA Mobile Firmware ( All Model )
**********************************************
All LAVA mobile Flash File firmware download
Credit: ‪#‎repairmobile‬
IRIS 250 20140812
IRIS 250 20140917
IRIS 250 20141223
IRIS 250 20150506
IRIS 300 v13
IRIS 300 v17
IRIS 310 Style s011
IRIS 349
IRIS 349i s101
IRIS 349i s102
IRIS 349S s107
IRIS 349S s106
IRIS 349S s108
IRIS 349S s111
IRIS 349S s112
IRIS 349 Plus
IRIS 350 M
IRIS 351
IRIS 352E
IRIS 354
IRIS 354E s109
IRIS 354E s110
IRIS 355
IRIS 356 s114
IRIS 356 s118
IRIS 356 s120
IRIS 360 Music
IRIS 401E s111
IRIS 401E s114
IRIS 414
IRIS 415
IRIS 444 v06
IRIS 444 v07
IRIS 444 v08
IRIS 460
IRIS 465 s009
and more ...

Download link LAVA

Wednesday, January 13, 2016

iPhone တွေမှာဖြစ်လေ့ရှိတဲ့ Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်း by ဇူးနစ် နည်းပညာ

iPhone တွေမှာဖြစ်လေ့ရှိတဲ့ Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်း
===========================================
iPhone တွေမှာဖြစ်လေ့ရှိတဲ့ Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်းကို
ပန်းသီးချစ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ယခုဖေါ်ပြချက်များသည် စမ်းသပ်အောင်မြင်ပြီးမှ ရေးလိုက်ခြင်းမဟုတ်ပါ
တိုက်ရိုက်ဘာသာပြန်ထားခြင်းသာဖြစ်ပါတယ် ဒါပေမယ့် ဒီနည်းလမ်းများသည်
85% လောက် Working ဖြစ်ပါတယ်၊ ဒီပိုစ့်တွင် “invalid SIM card error” ပြသနာကို
အကောင်းဆုံးဖြေရှင်းနည်းကတော့ (၅) မျိုးရှိပါတယ်၊ အဆိုပါ (၅) မျိုးထဲမှတစ်ခုခုဖြင့်
အဆင်ပြေအောင်မြင်ခဲ့တယ်ဆိုရင်တော့ ကျနော်ကြိုးစားရကျိုးနပ်ပါပြီ။

iDevice အများစုမှာဖြစ်လေ့ရှိတဲ့ “invalid SIM card error” ပြသနာဟာ
Service ဆိုင်ကိုသွားလုပ်ရင် $ မနည်းတာမို့ တကယ်လို့ ဒီလိုမျိုးပြသနာမျိုးဖြစ်လာခဲ့ရင်
ကိုယ်တိုင်အလွယ်တကူ ဖြေရှင်းနိုင်အောင် ကြိုးစားပြီး ဘာသာပြန်ပေးလိုက်ပါတယ်။

 Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်း
===========================
၁။ Network settings ကို reset ပြုလုပ်ပေးပါ

ပမဆုံးဖြေရှင်းနည်းကတော့ Network settings ကို Reset ပြုလုပ်ပေးခြင်းပါပဲ
ဒီအတွက် Settings > General > Reset >ကိုနှိပ်ပြီး Reset Network Settings ဆိုတာကို
တစ်ချက်ချင်းနှိပ်ပေးလိုက်ပြီး Network Setting ကို Reset တစ်ခုပြုလုပ်ပေးလိုက်ပါ။

အဆိုပါ Network Settings ကို Reset ပြုလုပ်ပေးခြင်းသည်
sim card error ကိုအကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

၂။ Handset ကို reboot ပြုလုပ်ပေးပါ

ဒုတိယဖြေရှင်းနည်းကတော့ Handset ကိုပြုလုပ်ပေးခြင်းဖြစ်ပါတယ်
သင့်ဖုန်းမှာ Invalid Sim Card Error ပြသနာမျိုးဖြစ်လာခဲ့ပြီဆိုရင်တော့
ဖုန်းကို Reboot ချပေးရမှာပဲဖြစ်ပါတယ်၊

 ဒီလိုဖုန်းကို Reboot ချပေးခြင်းသည် အဆိုပါပြသနာကို အလွယ်တကူ
 ဖြေရှင်းပေးနိုင်ပါတယ် ဒီအတွက် ပါဝါခလုပ်ကို ဖိထားပြိး Slide to power off ဆိုတာကို
ဆွဲပြီးဖုန်းကို Reboot ချပေးလိုက်ပါ 10-20 စက္ကန့်လောက်ကြရင်ပြန်ဖွင့်လိုက်ပါ
 အဲဒီ Invalid Sim Card Error ပျောက်သွားပါ လိမ့်မယ်။

၃။ Airplane mode ကို ပိတ်/ဖွင့် ပြုလုပ်ပေးပါ

တတိယဖြေရှင်းနည်းကတော့ Airplane mode ကို
Switch on - off ပိတ်/ ဖွင့် ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။

ဒီနည်းလမ်းသည် iPhone တွေအဖြစ်များလေ့ရှိတဲ့
 Invalid Sim Card Error ပြသနာကို အလွယ်တကူဖြေရှင်းပေးနည်းပဲဖြစ်ပါတယ်။

၎။ SIM card ကိုဖြုတ်တပ်လုပ်ကြည့်ပါ

ဒီတစ်ခါ ဖြေရှင်းနည်းကတော့ SIM card ကိုပြန်လည်ဖြုတ်တပ်လုပ်ပေးခြင်းပါပဲ
ဒီအတွက် ဖုန်းကို ပါဝါပိတ်လိုက်ပါ ပြီးရင် SIM card ကိုဖြုတ်လိုက်ပါ၊ ဖုန်းပါဝါပြန်ဖွင့်
လိုက်ပါ "No sim card installed" ဆိုပြီး Message ကိုမြင်နေရရင်တော့
sim card ကိုပြန်တပ်လိုက်ပါ သင့်ဖုန်းမှာ  Invalid Sim Card Error ပြသနာလေး အဆင်ပြေသွားပါလိမ့်မယ်။

၅။ Device ကို New setup တစ်ခုအဖြစ် ပြုလုပ်ပေးလိုက်ပါ

နောက်ဆုံးဖြေရှင်းနည်းကတော့ All Settings ကို Erase လို့ခေါ်တဲ့
Reset ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီလို Erase all မပြုလုပ်မှီ မိမိဖုန်းရဲ့
Data များကို Cloud သို့ ကွန်ပျူတာဖြင့် Backup ပြုလုပ်ပေးထားလိုက်ပါ။

ပြီးတော့မှ Settings > General > select Reset > select “>
Erase All Content and Settings”. ဆိုပြီး တစ်ချက်ချင်းနှိပ်ကာ
ဖုန်း Settings တစ်ခုလုံးကို Reset ချပေးလိုက်ပါ။

 ပြန်တက်လာတဲ့အခါ သင့်ဖုန်းကို New setup တစ်ခုပြုလုပ်ပြီး activate လုပ်ပေးလိုက်ရုံပါပဲ။
ဒီဖြေရှင်းနည်းသည် Sim Card Error ပြသနာကို နောက်ဆုံးဖြေရှင်းနည်းဖြစ်ပါတယ်။

အထက်ဖေါ်ပြပါ  Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်းများသည်
System Method ကျကျအကောင်းဆုံးဖြေရှင်းနည်းများဖြစ်ပါတယ်။

Ref-www.unlockboot.com

Admin @ဇူးနစ်

ဇူးနစ်(နည်းပညာ)

www.zunite.org

MTK charging way by U Zaw Win Htut

- MTK Device တွေမှာ charging ပိုင်းက ဖုန်းတစ်လုံး နဲ့ တစ်လုံး မကွာခြားလှပါဘူး Model တစ်ခုကို နားလည်သဘောပေါက်ထားရင် တခြား model တွေကိုလဲ သဘောပေါက်နိုင်ပါတယ် Charging ပိုင်းမှာ ဘယ်လိုအလုပ်လုပ်လဲဆိုရင် USB Charger ခေါင်းကနေ ပေးသွင်းလိုက်တဲ့ 5volt နီးပါးဟာ ကွန်တက်ဆာ C912 ကိုဖြတ်ပြီး R908 ရဲ့ တဖက်ထိပ်ကနေ Q302 ရဲ့ Emitter ငုတ်ကို 4.93 Volt ပေးထားပါပြီ နောက်လမ်းကြောင်း တစ်ခုက R906 တစ်ဖက်ထိပ်ကိုရောက်တယ် အဲ့အချိန်ထိ Charger ကနေ ပေးသွင်းတဲ့ Volt အတိုင်းပဲ ပြောင်းလဲမှုမရှိသေးဘူး နောက်R906 တစ်ဖက်ထိပ်ကို ရောက်တာနဲ့ 0.47 Volt ပဲရှိပါတော့တယ် R907 ကတော့ တဖက် GND ချထားပြီး Power Ic ထဲကို Charger Deceted လမ်းကြောင်း အနေနဲ့ Charger ကြိုး ထိုးလိုက်ပါပြီဆိုတဲ့ အကြောင်း Power Ic ကို အသိပေးပါတယ်
-power ic က Charger Deceted သိပြီဆိုတာနဲ့ တပြိုင်နက် CS-P , CS-N ဆိုတဲ့ ငုတ်ကနေ Battery မှာ အားသွင်းဖို့ လိုအပ်နေလား အားနည်းနေလားဆိုတာ အာရုံခံပါတယ် အားသွင်းဖို့ လိုအပ်နေတယ်ဆိုရင် CHR_LDO (Low Drop Output) လမ်းကြောင်းကနေ တဆင့် Q901 ရဲ့ Gate ကိုဖွင့်ပေးမယ့် 2.8 Volt ကို ထုတ်ပေးပါတယ် Gate ပွင့်သွားတာနဲ့ Q901 ရဲ့ Source မှာ ရှိနေတဲ့ VDRV လို့ခေါ်တဲ့ power ic ကနေ ထုတ်ပေးတဲ့ အနှုတ် Voltage ဟာ Drain ဘက်ကို ကူးသွားတယ် Q901 ရဲ့ Drain ငုတ်နဲ့ Q302 ရဲ့ Base ငုတ်နဲ့ ချိတ်ဆက်ထားတဲ့ အတွက်ကြောင့် Q302 ရဲ့ Base ငုတ်ကိုလဲ အနှုတ် Voltage ရောက်သွားတယ် Q302 ဟာ PNP အမျိုးအစား ဖြစ်တာကြောင့် သူ့ကို Gate ပွင့်စေချင်ရင် အနှုတ် Volt ပေးရပါတယ်
-Q302 Gate ပွင့်သွားရင် ခုနက V Charger ကနေ 5volt ပေးသွင်းထားတဲ့ Q302 ရဲ့ Emitter ငုတ်ဟာ Battery နဲ့ ချိတ်ဆက်ထားတဲ့ Collector ငုတ်နဲ့ ပူးသွားပြီးတော့ Emitter က 5 Volt ဟာ Collector ဘက်ကိုရောက်သွားပါတယ်
-isense ဆိုတဲ့ လမ်းကြောင်းက charger ကြိုးထိုးလိုက်ရင် LCD မှာ အားသွင်းတဲ့ ပုံလေးပေါ်အောင် ပြပေးတဲ့ လမ်းကြောင်းပါ Q302 Gate ပွင့်သွားတဲ့ အတွက်ကြောင့် Emitterမှာ ရှိနေတဲ့ Charger 5 Volt ဟာ Battery နဲ့ ချိတ်ဆက်ထားတဲ့ Collector ဘက်ကိုလဲ ရောက်သွားပြီ Isense လမ်းကြောင်းကိုကျော်သွားတဲ့ အတွက် အားသွင်းပုံလဲ ပြနေပြီ R909 ကို ဖြတ်ပြီး Battery ကို Volt ရောက်သွားပါပြီ
-အားသွင်းပုံပြပြီး အားမဝင်တဲ့ ပြသာနာတွေ , Battery percentage 30%လောက်ထိ အားတတ်ပေမယ့် 30% ရောက်ရင် အားမဝင်တော့တာတွေ Charger Temperature too high error တွေ အားလုံးကို အခုပြတဲ့ လမ်းကြောင်း နားလည်ရင် ဖြေရှင်းလို့ရနိုင်ပါတယ်
- Beginners တွေ အတွက် အောက်မှာ ပြထားတဲ့ ပုံကို ကြည့်ရင်းနဲ့ စာဖတ်ပါလို့ အကြံပေးချင်ပါတယ် ဆရာတွေကတော့ ထုံစံအတိုင်း ကျော်ခွသွားကြပါ
☝️ဆရာ ဦး ပီး ရှင်းပြထားတာကို ကျနော့်လေသံ နဲ့ ပြန်ရေးပါတယ် Credit; ဆရာပီး

Tuesday, January 12, 2016

credit post

စာမျက်နှာမည်မျှပါဝင်သော
စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါစေ။
တစုံတယောက်၏ လက်တွင်
စာမျက်နှာ တစ်ရွက်တည်းသာ
ဖြစ်သွားပါသည်။

အခေါ်ဝေါ်တွေတော့မတူပါဘူး
နားလည်ရလွယ်အောင် ရှင်းထားတာပါ။
SMART ၏ တစ်ချိန်စာ Course မဟုတ်ပါပဲ အချိန်အနည်းငယ်ဖြင့် နားလည်ရလွယ်ကူသော

G610-U00 CHG

Transistor Q302 နှင့်
MOSFET Q901 တို့ကို Switch
တစ်ခုအနေဖြင့် သဘောထားပေးပါ။
Transistor Q302 အား switch အဖြစ်
သတ်မှတ်ရာတွင် သာမန် switch တစ်ခု
မဟုတ်ပါပဲ Diode တစ်လုံးပါရှိနေသည်ဟု သတ်မှတ်ထားပေးပါ။
အကြောင်းမှာ Diode ခံပေးထားခြင်းဖြင့်
BAT မှ V သည် USB သို့မရောက်စေရန်
USB မှ V သာလျှင်BAT သို့ရောက်စေရန်
ဖြစ်သည်။

မှတ်ချက် ၎င်း switch များကို ဖွင့်ပိတ်စေရန် V ပေးရပါသည်။

၁- ပြာနီ လမ်းကြောင်းအတိုင်း Q302 အလုပ်လုပ်ချိန်တွင်USB မှ VCHGသည်
BAT သို့ပေးသွင်းရန် ပါတ်လမ်းအဆက်အသွယ်ဖြစ်သွားပါသည်။

၂- Q302 ကိုထိန်းချုပ်ရန် PMU K15 pinမှ V တစ်ခုသည် Q901 SW ကိုဖြတ်ကာ Q302 ၏ Control အား V ပေးပြီး အဖွင့်ပိတ်လုပ်စေပါသည်။

၃- Q901 ၏ Control သည် USB မှ 5V ကို R908 10k ဖြင့် ရှော့ချပြီး အလုပ်လုပ်စေပါသည်။

အလုပ်လုပ်ပုံ
----------------
_ CHG သွင်းရန် USB ထိုးလျှင် Q901 ၏ Control မှတဆင့် Q901 ကို
အလုက်လုပ်စေသည်။

_ PMU K15 pinမှ V သည် QQ901 အလုပ်လုပ်နေချိန် Q302 ၏ CTRL သို့
V တစ်ခုပေးသွင်းသည်ဖြစ်ရာ Q302 သည်အလုပ်လုပ်သွားပြီး
CHG ပါတ်လမ်း တစ်ပါတ်ပြည့်သွားကာ
BAT ကိုအားသွင်းပေးပါသည်။

_ PMU W17 pin သည်
R906 ခံထားပြီး CHG လမ်းကြောင်းပေါ်တွင် တည်ရှိနေကာ CHG 100% ပြည့်ချိန်
V ကိုအာရုံခံပါသည်။

_ CHG 100% ပြည့်လျှင် K15 pin မှ V ကိုဖြတ်တောက်လိုက်ခြင်းကြောင့်
Q302 သည်အလုပ်မလုပ်တော့ပါပဲ
VCHG ကိုဖြတ်တောက်လိုက်ပါသည်။

မှတ်ချက် CHG Group အတွင်းရှိ R များ
ပျက်စီးလျှင် အားလုံးကို တန်ဘိုးအမှန်ပြန်တပ်ပေးရပါသည်။

Saturday, January 2, 2016

Ghost push trojan killer.v1.0.1 apkpure.com.apk

Ghost push trojan killer.v1.0.1 apk

size.1.97MB

ဆွဲမယ်ဗျာ

Ghost push killer v2.0zip

Ghost push killer v2.0zip

size.1.18 MB

ဆွဲထား

Virus security v1.7 exe

Virus security v1.7.exe

size.1.63 MB

ဆွဲသင့်ပါတယ်

Moborobo (moborobo En official) V 3.0.0 272.exe

moborobo v3.0.0 272. exe

size-25.47 MB

လိုအပ်မယ်ဆို ဆွဲထား


Adb driver installer.rar

Adb driver installer

size-9.41MB

လိုအပ်ရင်ဆွဲမယ်

Xiaomi tool.zip by susutun

Xiaomi tool

size-37.94MB

--------ဆွဲမယ်ဗျာ--------

Oppo tool V1.6 apk by susutun

Oppo tool V1.6

size-54.90MB

 
    Download