Labels

Tuesday, January 12, 2016

credit post

စာမျက်နှာမည်မျှပါဝင်သော
စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါစေ။
တစုံတယောက်၏ လက်တွင်
စာမျက်နှာ တစ်ရွက်တည်းသာ
ဖြစ်သွားပါသည်။

အခေါ်ဝေါ်တွေတော့မတူပါဘူး
နားလည်ရလွယ်အောင် ရှင်းထားတာပါ။
SMART ၏ တစ်ချိန်စာ Course မဟုတ်ပါပဲ အချိန်အနည်းငယ်ဖြင့် နားလည်ရလွယ်ကူသော

G610-U00 CHG

Transistor Q302 နှင့်
MOSFET Q901 တို့ကို Switch
တစ်ခုအနေဖြင့် သဘောထားပေးပါ။
Transistor Q302 အား switch အဖြစ်
သတ်မှတ်ရာတွင် သာမန် switch တစ်ခု
မဟုတ်ပါပဲ Diode တစ်လုံးပါရှိနေသည်ဟု သတ်မှတ်ထားပေးပါ။
အကြောင်းမှာ Diode ခံပေးထားခြင်းဖြင့်
BAT မှ V သည် USB သို့မရောက်စေရန်
USB မှ V သာလျှင်BAT သို့ရောက်စေရန်
ဖြစ်သည်။

မှတ်ချက် ၎င်း switch များကို ဖွင့်ပိတ်စေရန် V ပေးရပါသည်။

၁- ပြာနီ လမ်းကြောင်းအတိုင်း Q302 အလုပ်လုပ်ချိန်တွင်USB မှ VCHGသည်
BAT သို့ပေးသွင်းရန် ပါတ်လမ်းအဆက်အသွယ်ဖြစ်သွားပါသည်။

၂- Q302 ကိုထိန်းချုပ်ရန် PMU K15 pinမှ V တစ်ခုသည် Q901 SW ကိုဖြတ်ကာ Q302 ၏ Control အား V ပေးပြီး အဖွင့်ပိတ်လုပ်စေပါသည်။

၃- Q901 ၏ Control သည် USB မှ 5V ကို R908 10k ဖြင့် ရှော့ချပြီး အလုပ်လုပ်စေပါသည်။

အလုပ်လုပ်ပုံ
----------------
_ CHG သွင်းရန် USB ထိုးလျှင် Q901 ၏ Control မှတဆင့် Q901 ကို
အလုက်လုပ်စေသည်။

_ PMU K15 pinမှ V သည် QQ901 အလုပ်လုပ်နေချိန် Q302 ၏ CTRL သို့
V တစ်ခုပေးသွင်းသည်ဖြစ်ရာ Q302 သည်အလုပ်လုပ်သွားပြီး
CHG ပါတ်လမ်း တစ်ပါတ်ပြည့်သွားကာ
BAT ကိုအားသွင်းပေးပါသည်။

_ PMU W17 pin သည်
R906 ခံထားပြီး CHG လမ်းကြောင်းပေါ်တွင် တည်ရှိနေကာ CHG 100% ပြည့်ချိန်
V ကိုအာရုံခံပါသည်။

_ CHG 100% ပြည့်လျှင် K15 pin မှ V ကိုဖြတ်တောက်လိုက်ခြင်းကြောင့်
Q302 သည်အလုပ်မလုပ်တော့ပါပဲ
VCHG ကိုဖြတ်တောက်လိုက်ပါသည်။

မှတ်ချက် CHG Group အတွင်းရှိ R များ
ပျက်စီးလျှင် အားလုံးကို တန်ဘိုးအမှန်ပြန်တပ်ပေးရပါသည်။

No comments:

Post a Comment