Labels

Wednesday, January 13, 2016

MTK charging way by U Zaw Win Htut

- MTK Device တွေမှာ charging ပိုင်းက ဖုန်းတစ်လုံး နဲ့ တစ်လုံး မကွာခြားလှပါဘူး Model တစ်ခုကို နားလည်သဘောပေါက်ထားရင် တခြား model တွေကိုလဲ သဘောပေါက်နိုင်ပါတယ် Charging ပိုင်းမှာ ဘယ်လိုအလုပ်လုပ်လဲဆိုရင် USB Charger ခေါင်းကနေ ပေးသွင်းလိုက်တဲ့ 5volt နီးပါးဟာ ကွန်တက်ဆာ C912 ကိုဖြတ်ပြီး R908 ရဲ့ တဖက်ထိပ်ကနေ Q302 ရဲ့ Emitter ငုတ်ကို 4.93 Volt ပေးထားပါပြီ နောက်လမ်းကြောင်း တစ်ခုက R906 တစ်ဖက်ထိပ်ကိုရောက်တယ် အဲ့အချိန်ထိ Charger ကနေ ပေးသွင်းတဲ့ Volt အတိုင်းပဲ ပြောင်းလဲမှုမရှိသေးဘူး နောက်R906 တစ်ဖက်ထိပ်ကို ရောက်တာနဲ့ 0.47 Volt ပဲရှိပါတော့တယ် R907 ကတော့ တဖက် GND ချထားပြီး Power Ic ထဲကို Charger Deceted လမ်းကြောင်း အနေနဲ့ Charger ကြိုး ထိုးလိုက်ပါပြီဆိုတဲ့ အကြောင်း Power Ic ကို အသိပေးပါတယ်
-power ic က Charger Deceted သိပြီဆိုတာနဲ့ တပြိုင်နက် CS-P , CS-N ဆိုတဲ့ ငုတ်ကနေ Battery မှာ အားသွင်းဖို့ လိုအပ်နေလား အားနည်းနေလားဆိုတာ အာရုံခံပါတယ် အားသွင်းဖို့ လိုအပ်နေတယ်ဆိုရင် CHR_LDO (Low Drop Output) လမ်းကြောင်းကနေ တဆင့် Q901 ရဲ့ Gate ကိုဖွင့်ပေးမယ့် 2.8 Volt ကို ထုတ်ပေးပါတယ် Gate ပွင့်သွားတာနဲ့ Q901 ရဲ့ Source မှာ ရှိနေတဲ့ VDRV လို့ခေါ်တဲ့ power ic ကနေ ထုတ်ပေးတဲ့ အနှုတ် Voltage ဟာ Drain ဘက်ကို ကူးသွားတယ် Q901 ရဲ့ Drain ငုတ်နဲ့ Q302 ရဲ့ Base ငုတ်နဲ့ ချိတ်ဆက်ထားတဲ့ အတွက်ကြောင့် Q302 ရဲ့ Base ငုတ်ကိုလဲ အနှုတ် Voltage ရောက်သွားတယ် Q302 ဟာ PNP အမျိုးအစား ဖြစ်တာကြောင့် သူ့ကို Gate ပွင့်စေချင်ရင် အနှုတ် Volt ပေးရပါတယ်
-Q302 Gate ပွင့်သွားရင် ခုနက V Charger ကနေ 5volt ပေးသွင်းထားတဲ့ Q302 ရဲ့ Emitter ငုတ်ဟာ Battery နဲ့ ချိတ်ဆက်ထားတဲ့ Collector ငုတ်နဲ့ ပူးသွားပြီးတော့ Emitter က 5 Volt ဟာ Collector ဘက်ကိုရောက်သွားပါတယ်
-isense ဆိုတဲ့ လမ်းကြောင်းက charger ကြိုးထိုးလိုက်ရင် LCD မှာ အားသွင်းတဲ့ ပုံလေးပေါ်အောင် ပြပေးတဲ့ လမ်းကြောင်းပါ Q302 Gate ပွင့်သွားတဲ့ အတွက်ကြောင့် Emitterမှာ ရှိနေတဲ့ Charger 5 Volt ဟာ Battery နဲ့ ချိတ်ဆက်ထားတဲ့ Collector ဘက်ကိုလဲ ရောက်သွားပြီ Isense လမ်းကြောင်းကိုကျော်သွားတဲ့ အတွက် အားသွင်းပုံလဲ ပြနေပြီ R909 ကို ဖြတ်ပြီး Battery ကို Volt ရောက်သွားပါပြီ
-အားသွင်းပုံပြပြီး အားမဝင်တဲ့ ပြသာနာတွေ , Battery percentage 30%လောက်ထိ အားတတ်ပေမယ့် 30% ရောက်ရင် အားမဝင်တော့တာတွေ Charger Temperature too high error တွေ အားလုံးကို အခုပြတဲ့ လမ်းကြောင်း နားလည်ရင် ဖြေရှင်းလို့ရနိုင်ပါတယ်
- Beginners တွေ အတွက် အောက်မှာ ပြထားတဲ့ ပုံကို ကြည့်ရင်းနဲ့ စာဖတ်ပါလို့ အကြံပေးချင်ပါတယ် ဆရာတွေကတော့ ထုံစံအတိုင်း ကျော်ခွသွားကြပါ
☝️ဆရာ ဦး ပီး ရှင်းပြထားတာကို ကျနော့်လေသံ နဲ့ ပြန်ရေးပါတယ် Credit; ဆရာပီး

No comments:

Post a Comment