Labels

Sunday, November 22, 2015

Audio error by kokoaung

အသံပိုင်းလေးပါ
ဖုန်းတွေမှာအသံပိုင်းကိုသုံ်းပိုင်းတွေ့ နိင်ပါတယ်။
တစ်ပိုင်းက ring tone,mp3,game တို့ ပါဝင်တဲ့ multimedia ပိုင်းကထွက်လာမဲ့
အသံပိုင်းကိုplayback audio အပိုင်းဖြစ်ပြီး
ဖုန်းတစ်လုံးနဲ့ တစ်လုံးဆက်သွယ်ပြောဆိုကြတဲ့အခါ
tx,rx, လိုင်းတွေနဲ့ အတူပါလာတဲ့ စကားသံတွေကိုတော့
digital signal  audio code  အပိုင်းလို့ ခေါ်ပါတယ်။နောက်တစ်ခုကတော့
FM STEREO အပိုင်းဖြစ်ပါတယ်။
huawei ဖုန်းတွေမှာတော့အသံပိုင်းနဲ့ ပတ်သက်ပြီး သီးခြား audio processor
အိုင်စီအနေနဲ့ သိပ်မတွေ့ ရပါဘူး။ အသံပိုင်းအားလုံးကို CPU ကပဲ
ထိန်းချုပ်ထားပါတယ်။
Multi media chip (MMC) တနည်းအားဖြင့် EMMC ထဲမှာ
default ringtone အသံတွေရယ်user data တွေဖြစ်တဲ့၊mp3,mp4 သီချင်းသံတွေrecording သွင်းယူထားတဲ့အသံတွေဟာ
ROM ထဲ မှာထည့်ထားတာပါ။ဒါကြောင့်emmc တစ်လုံးကို  data တွေထည့်ပြီးအခြား
အမျိုးအစားတူ ဖုန်းတစ်လုံးမှာ ထည့်လိုက်ရင် ခုနကထည့်ထားတဲ့ data တွေအကုန်ပြန်ပါလာပါတယ်။
ဒါပေမယ့် audio code အပိုင်းနဲ့  FM radio အပိုင်းကတော့ emmc နဲ့ မပတ်သက်ပါဘူး။
အစပျိုး ၀င်ရောက်လာတာက network ပိုင်းမှာရှိတဲ့ RF  အိုင်စီတွေဖြစ်တဲ့  RFMD
RTR 6285,RTR6500, ဒီအိုင်စီတွေ၇ဲ့  wildeband data တွေကိုလက္ခံတဲ့အပိုင်းကိုရောက်ပါတယ်။ RF signal တွေကို 800MHZ to 1250MHZ အတွင်းကန့် သပ်ပြီးလက္ခံကြပါတယ်။ RF Transceiver တွေမှာ LAN/IP module တွေပါဝင်ပြီး သက်ဆိုင်ရာ cellular ip ကိုရွှေးချယ်ပေးပါတယ်။
GSM channel band ပါဝင်တဲ့ cellular tx,rx  နဲ့ audio code တွေကို baseband အိုင်စီထံပို့ ပေးပါတယ်။baseband အိုင်စီတွေကို အများအားဖြင့် CPU ထဲမှာပဲပေါင်းစပ်ထားတာတွေ့ ၇ပါ
တယ်။
ထိုနည်းအတိုင်းပဲ FM antenna ကနေတဆင့်ဝင်လာတဲ့ signal တွေကို FM Module မှာရှိတဲ့
 အိုင်စီကလက္ခံပြီး  digital signal တွေကို  CPU ထံ ပြန်ပို့ ပါတယ် ။ဖုန်းတွေမှာ FM Antenna ကို နားကြပ်ကြိုးရဲ့
ခုခံမှုကနေတစ်ဆင့် ပြန်ယူထားတဲ့အတွက် နားကြပ်မထိုးရင်တော့ FM မမိနိင်ပါဘူး။
သက်ဆိုင်ရာ module တွေကပို့ လွတ်လိုက်တဲ့ digital code နဲ့  audio signal  တွေကို CPU ကလက္ခ့ ယူပြီး DACs အပိုင်းက digital to analog audio signal အဖြစ်ပြန်ပြောင်း
ပေးပါတယ်။အဓိကအကြောင်းကတော့ လူတွေရဲ့ အကြားအာရုံမှာ အသံအဖြစ်ခံစားနိင်မှုက
analog audio signal ဖြစ်ပြီး 20HZ TO 20KHZ ကြားမှာ၇ှိတဲ့ကြိမ်နှုန်းကိုသာကြားနိင်တဲ့
အတွက်ပြန်ပြောင်းပေးရတာဖြစ်ပါတယ်။
များသောအားဖြင့် audio signal ကို output ပိုင်းသို့ တိုက်ရိုက်မထုတ်ပေးပဲ
speaker နဲ့ဆက်နေတဲ့ power ic, audio amp output driver  ic လေးတွေတဆင့်ခံပြီး
အသံကိုထုတ်ယူကြပါတယ်။ နောက်ပိုင်းဝင်လာတဲ့ honor ဖုန်းအချို့ နဲ့ MSM 8212 အသုံးပြု
ထားတဲ့ ဖုန်းတွေမှာတော့ အသံကို CPU ကနေတိုက်ရိုက်ထုတ်ပေးတာတွေ့ ၇ပါတယ်။
ပါဝါအိုင်စီတော်တော်များများမှာ စပီကာ output  ပိုင်းတွေပါလာပါတယ်။
SAMSUNG ဖုန်းတွေမှာတော့ audio ပိုင်းကို သီးခြား အိုင်စီတွေနဲ့ ထုတ်ပေးတာတွေ့ ရပါတယ်။
တစ်ချို့ ဖုန်းတွေမှာဆိုရင် audio processor သီးသန့် ပါဝင်ပြီး hifi sound ,equ, စနစ်တွေ ထည့်ထားတဲ့အတွက်အသံထွက်အလွန်ကောင်းမွန်တာတွေ့ရပါတယ်။
မည်သို့ ဆိုစေ ဖုန်းတွေမှာအသံမလာရင် စပီကကနေ စ စစ်၇မှာပါ။
စပီကာ၊ လမ်းကြောင်း၊ကွန်ပိုးနင့်၊ ပါဝါအိုင်စီ၊ စီပီယူ  တဆင့်ခြင်းသွားရမျာပါ။
အကောင်းဆုံးကတော့ ပါဝါအိုင်စီတွေရဲ့အတွင်းပတ်လမ်းလေးတွေကိုတတ်နိင်သလောက်
လေ့လာမှတ်သားထားဖို့ လိုပါတယ်။ MTK အုပ်စုတွေမှာ အသံနဲ့ ပတ်သက်ပြီး
မိုက်အသံပိုင်းရော သီချင်းဖွင့်တဲ့အပိုင်း playback audio driver အပိုင်းတွေပါထည့်သွင်းထားတာတွေ့ ရပါတယ်။
နောက်တစ်ခုက ဆော့ဝဲနဲ့ ပတ်သက်တဲ့အပိုင်းပါ။
အသံနဲ့ ပတ်သက်တဲ့ apk တစ်ခုခုသုံးလိုက်တဲ့အခါ version မကိုက်တဲ့အခါမှာ အသံပိုင်းကို
ထိခိုက်နိင်ပါတယ်။သီချင်းသံရပြီး မိုက်အသံမရတာတို့ ၊ဖုန်းဝင်လာတာနဲ့ 
recording mode ကိုရောက်ပြီး ပြောသမျှအကုန်လိုက်မှတ်နေတာမျိုး၊
တစ်ဖက်ပြောတဲ့အသံမှာ echo သံတွေလိုထပ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
တစ်ချို့ ဖုန်းတွေမှာ  firmware မှားတင်မိရင် audio code အပိုင်းလုံးဝပျက်သွားတာမျိုးရှိပါတယ်။
မိုက်အသံပိုင်းကိုတော့ဖုန်းအများစုမှာ  CPU အိုင်စီကနေ ထိန်းချူပ်ထားတာတွေ့ ၇ပါတယ်။
မိုက် bias  ထုတ်ပေးတဲ့လမ်းကြောင်းပြတ်သွားရင်  မိုက်သံလုံးဝထွက်နိင်မှာမဟုတ်တော့ပါဘူး။
အသံပိုင်းနဲ့ ပတ်သက်ပြီးကျယ်ပြန့် လွန်းတဲ့အတွက် အကုန်တော့ပြည့်စုံမှုရှိမှာမဟုတ်ပါဘူး။
လေ့လာစညီငယ်တွေ ဗဟုသုတ ရယုံလောက်ပါပဲ။





                   



3 comments: