Labels

Tuesday, September 22, 2015

samsung A5 Safe mode


မင်္ဂလာပါ
samsung a5 ဖုန်းက safe mode ဝင်နေတယ်
reset ချလိုက်တာလဲမရပါဘူး
အဲ့ဒီတော့ frimware ရေးဖို့စဉ်းစားတယ်
ဖုန်းကဝယ်ထားတာ ၁ပတ်ပဲရှိသေးတယ်
frimware ရေးရင်လဲ မရလောက်ဘူးဆိုတော့
ဖုန်းhardware စစ်ဖို့ဆုံးဖြတ်လိုက်တယ်
အဲ့ဒီမှာ ဘယ်ကနေစခွာရမလဲဆိုတာ
မသိတော့ web မှာရှာတယ်
ကိုယ့်မှာက အပူပေးတဲ့စက်ကမရှိတော့
ခွာနည်းတွေ ရှာလိုက်တာ
တိုင်ကိုပတ်ရော
အဲ့ဒီနည်းကတော့ အသုံးပြုရတဲ့ tool ကလွယ်ပါတယ်
မှန်ကပ် ပလပ်စတစ် တစ်ချပ်ပဲလိုပါတယ်
ဒါပေမဲ့ လုပ်ရတာ အန္တရယ်များမဲ့ပုံပါပဲ
အခန့်မသင့်ရင် အသစ်၁လုံးဝယ်ပေးရမယ့်ကိန်းပါ
အတွေ့အကြုံကလဲလိုချင်တော့
လုပ်ကြည့်လိုက်ပါတယ်
ဖုန်းမှန်ရဲ့ဘယ်ဘက်ထောင့်ကနေ
ပလပ်စတစ်ပြားကို ထိုးသွင်းပြီး
ဓားနဲ့လှီးသလိုပုံမျိုး
လုပ်ရတယ်
ဖုန်းရဲ့အောက်ခြေကနေ
၃ပိုင်း၂ပိုင်းအထိ
ပလပ်စတစ်ပြားကို
ဘယ် ညာ တစ်တန်းထဲ
ခွဲတင်လို့ရတယ်
အဲ့ဒီထက်ပိုသွားရင်
lcd ကြိုးဖြတ်မိသွားပါလိမ့်မယ်
ကျန်တဲ့နေရာတွေကို
ဘေးဘောင်ပတ်လည်
အနားစွန်လေးခွဲလို့ရပါတယ်
lcdရဲ့အောက်ဘက်မှာ
ဆားကစ်ပြားကို ကော်ပြားအုပ်ထားတဲ့အတွက်
ဘာထိခိုက်မှုမှမရှိပါဘူး
lcd ကြိုးပဲ သတိထားရတာပါ
lcd နဲ့ touch တွဲလျက်လာတာဆိုတော့
သတိထားခွာလိုက်ပါတယ်
ဆားကစ်ပြား ကိုစစ်ကြည့်တော့
vol ကြိုးပြားထိပ်ငုတ်တွေ
အကုန်ကြွေနေတယ်
ခဲပြန်လိုက်လို့လဲမရတော့
vol ခလုတ်လဲရတော့မှာပါ
ဒါပေမဲ့ vol ခလုတ်က
ဝယ်လို့မရသေးဘူး
အဲ့ဒီတော့ vol ခလုတ်ဖြုတ်ထားလိုက်ပြီး
အကုန်လုံးပြန်တပ်လိုက်ပါတယ်
safe mode ကတော့ ကောင်းသွားပါတယ်
ဒါပေမဲ့ vol ခလုတ်ကတော့ မရတော့ဘူးပေါ့
china ကနေ vol ခလုတ်မြန်မြန်ထုတ်ဖို့
ဆုတောင်းနေရတယ်ဗျာ






No comments:

Post a Comment