Labels

Tuesday, September 22, 2015

IC အလုပ် လုပ်ပုံများ


 
  • 1

  • ဒါလေးက ကျွန်တော့် အတွက်အသုံးပြုဖို့ copy ကူးလာတာ
  • မူရင်း post ပိုင်ရှင်ကို credit ပေးပါတယ်ဗျာ
  • Thunder
  • Favorites2013-04-16 00:53:31
Mobile IC Replace Tutorial ( Part_3 )   
မှာတော့ IC တွေမှာ Power IC/ Line IC ( Wi-Fi/Bluetooth/GPS/Network)/CPU & Flash စတာတွေကို PCB (Printed Circuit Boaed) ကိုကြည့်ရုံနဲ့ လွယ်လင့်တကူ
အနီးစပ်ဆုံးခန့် မှန်းလို့ ရအောင် ရှင်းပြပေးပါ့မယ်။ ဒါမှ ပြစ်ချက်တွေကိုခန့် မှန်းရ ပိုမိုလွယ်ကူမှာပါ။ 

POWER IC

Power IC ကို အနီးနားရှိ OSC Crystal/Ferrite Coil အစရှိတဲ့ Support Parts တွေကိုကြည့်ရုံနဲ့  အလွယ်တကူ ခန့် မှန်းလို့ ရပါတယ်။ 
Android/Apple/Symbian/Java အစရှိတဲ့ Mobile တွေအားလုံး အတူတူပါပဲ။  ပြစ်ချက်တွေကတော့ Main Power IC ကဆိုရင် Power လုံးဝမနိုးပါဘူး။
Power လုံးဝမနိုးတဲ့ ပြစ်ချက်တွေကတော့ အခြားပြစ်ချက်တွေလည်းဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်က ယေဘုယ ပြောပြတာပါ။ 
Support Parts တွေချို့ ရွင်းရင်တော့ LCD Back Light မလာတာမျိုးနောက်ပြီး Software Error တွေလိုပဲ Boot မှာပဲလည်နေတာမျိုးပေါ့။
ပြီး Charging မရတဲ့ပြစ်ချက်တွေမှာလဲ အကျုံးဝင်နေပါသေးတယ်။သာမန်အားဖြင့်တော့ Charging မဝင်တာ/Charging Indicator ပြတယ်ဒါပေမယ့် Battery မှာအားမဝင်တာမျိုးတွေပေါ့။ 







CPU & FLASH

CPU နဲ့  FLASH IC တွေကတော့ PCB ပေါ်မှာ သိသာထင်ရှားစွာ တည်ရှိနေပါတယ်။ CPU ကအဓိက Control Room တစ်ခုပါ။ 
Schematic Diagram တွေကိုလေ့လာ နိုင်မှပဲ ပြစ်ချက် ကြီးသေးမရွေး CPU ကဖြစ်နိုင်တယ်ဆိုတာကိုသိရမှာပါ။ 
ဥပမာ-- Nokia တွေမှာ ပြစ်ချက်က Ear Speaker မရတာ Speaker လဲ လဲကြည့်ပြီးပြီ မရသေးဘူးဆိုရင်တော့ Ear Speaker Speaker ရဲ့ 
Schematic Diagram က CPU ဆီသို့ တိုက်ရိုက် ဆက်သွယ်ထားတာ ပါ။ ဒါကြောင့် ပြစ်ချက်သေးပေမယ့် Schematic Diagram ကြည့်မှပဲ ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်။
ဒါကြောင့် Hardware ပိုင်းတွေမှာ လေ့လာသင်ယူအားကောင်းတယ် ပါရမီရှိတယ် IC လဲနိုင်တယ်ဆိုပေမယ့် အတွေ့ အကြုံ ဆိုတဲ့ တံတိုင်းကြီးက ထီးထီးကြီးကာရံထားပါသေးတယ်။
FLASH ရဲ့ ပြစ်ချက်တွေကတော့ E can't mount နဲ့ Flashing ပြုလုပ်လို့ မရတဲ့ပြစ်ချက်တွေပါပဲ။

HUAWEI Y220T ကဲ့သို့  ဖုန်းအမျိုးစားတွေမှာ တတ်နိုင်သလောက် ချုံ့ ပြီးတည်ဆောက်ထားပါတယ်။ Power ပိုင်းကို သီးသန့် မထားတော့ပဲ CPU ထဲမှာပဲ တပေါင်းတည်းတည်ဆောက်ထားပါတယ်။
ဒီလိုချုံ့ ထားတဲ့ Handset တွေမှာတော့ တန်ဘိုးနည်းတယ် အလွန်အမင်းပူတယ် ထိခိုက်လွယ်တယ် စတာတွေ ဒွန်တွဲ နေပါတယ်။









ANT/Wi-Fi/GPS/Bluetooth

ANT(Network)/Wi-Fi/GPS/Bluetooth အစရှိတဲ့ IC တွေနားမှာ ပုံမှာဖော်ပြပေးထားတဲ့ Support Parts တွေနဲ့ ခွဲခြားနိုင်ပါတယ်။ အဲဒီအပိုင်းတွေမှာ ပြစ်ချက်တွေဖြစ်လာလို့ ပြုပြင်ရတော့
မယ်ဆိုရင်တော့ Customer ကိုသေချာရှင်းပြပြီးမှ ပြုပြင်သင့်ပါတယ်။ အကြောင်းကတော့ Dead ဖြစ်တတ်လို့ ပါပဲ။ Dead ဖြစ်တတ်တယ်လို့ ရှင်းပြထားလို့  ဖြစ်တတ်တာပဲလို့ ထင်ပြီး
မကျွမ်းကျင်ရင် မပြုပြင်သင့်ပါ လုံးဝ Dead ပါ။






အခြား IC တွေကတော့ သူတို့ နဲ့ သက်ဆိုင်ရာ Socket နဲ့  Parts တွေနားမှာရှိတတ်သလို အချို့ ကတော့ ရှည်လျားတဲ့ ပါတ်လမ်းတွေရှိနေတတ်တာကြောင့် Schematic Diagram တွေလေ့လာ
နိုင်သည်အထိ အကျန်ပြုချင်ပါတယ်။

Mobile IC Replace Tutorial ( Part_1 )Mobile IC Replace Tutorial ( Part_2 )


No comments:

Post a Comment