Samsung စပြီး ကြုံတာက J100 first logo နဲ့ငြိမ်တဲ့အလုံး
ဆိုင်အပ်ကတည်းက logo ငြိမ်နေတာ
firmware ရေးတယ် ပြီးတယ် logo ကနေ မတက်ဘူး
reset ချတယ် မokဘူး
အဲ့ဒါနဲ့ မလုပ်တော့ဘူး ထားလိုက်တယ် ၁လ လောက်
ပိုင်ရှင်ကလာပြန်မယူတော့
နောက် J200 first logo နဲ့ပဲ လာတယ်
firmwareရေး မရ 4 file firmware ရေးမရ
bst နဲ့ firmwareရေးမရ
အဲ့တော့ ကူပါကယ်ပါပေါ့
ဆရာသမားတွေ ဘော်ဒါတွေက ပြောတယ်
Touch ကြိုးတွေမှာ ဆားပေါက်နေရင်လဲဖြစ်တက်တယ်ဆိုလို့
ခွဲပြီလေ
ဆော့ကတ်တွေကို တင်နာ နဲ့ဆေး
ပြန်လုံးလိုက်တော့
first logo ကနေ တက်သွားတာများ
တားယူရတဲ့အထိဗျာ
J2လေး ok တော့
ပစ်ထားတဲ့ J1လေး ပြန်ကိုင်ပေါ့
အမယ်သူလဲ touch ဆော့ကတ်ပဲဗျာ
အခုတော့okသွားတာပဲ
S 7582 လဲကြုံဘူးတယ်
သူ့ကြတော့ touch ဆော့ကတ် အကုန်ကောင်း
touch ကြိုးတပ်ထားရင် logo ကနေမတက်
ဖြုတ်ထားရင် ဖြူးလို့ အဲ့တာ touch အသစ်လဲပေးလိုက်တယ်
ဘာရမလဲ တက်ပြီးလေ
အဲ့တော့ samsung တွေ first logo နဲ့ငြိမ်နေရင်
touch နဲ့ LCD ဆော့ကတ်လေးကို
ပြန်စစ်ပြီး ကလိကြည့်ပါ
first logo အတွက် ဒီအချက် ကိုလည် ထည့်စဉ်းစားပေးကြပါလို့
မရဘူးဆိုရင်တော့ အကြီးကြီးတွေ စတွေးပြီး ဆက်ကလိကြပေါ့
ပညာသင်နေတုန်းမို့ သွားလိုက်ပါဦးမယ်
No comments:
Post a Comment